Wagon Chassic Delivery Van ကားအဖြစ် ပြောင်းလဲပြင်ဆင်လာသောကားများကို ဒဏ်ကြေးသတ်မှတ်မည်

0

Full article

ပြည်ပကတင်သွင်းလာသော delivery van ကားများ အုပ်စု ၃ စု ခွဲပြီး သတ်မှတ်သွားမှာဖြစ်ရာ Wagon Chassic များနှင့် _ delivery van_ ကားများကို ဒဏ်ကြေးသတ်မှတ်သွားမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန ကသိရသည်။

ထိုကဲ့သို့ ဆိပ်ကမ်းတွင် ရောက်နေသော delivery van ကားများအုပ်စု ၃ စု ခွဲရာတွင် မူလစက်ရုံထုတ် orginal delivery van ကာများ၊ သတ်မှတ် ၄ ချက်ကိုက်ညီတင်သွင်းလာသော van chassic ကားနှင့် wagon chassic ကားများ အဖြစ် ခွဲခြားသတ်မှတ်ထားရာ သက်ဆိုင်ရာ အဖွဲ့များက ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

"delivery Van ကားတွေကို ပြန်စစ်ဆေးတာတွေလုပ်သွားမယ်။ Wagon Chassic နဲ့သွင်းလာတဲ့ကားတွေကိုတော့ ဒဏ်ကြေးသတ်မှတ်သွားမှာပါ။ မူလစက်ရုံထုတ် original delivery van အမှန် ကားဆိုရင်တော့ ဆိပ်ကမ်းကနေ ထုတ်ပေးမှာပါ။"ဟု အကောက်ခွန်ဦးစီးဌာန ကတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Wagon chassic နှင့် delivery ကားအဖြစ်တက်သွင်းလာသော ကားအစီးရေ ၉ဝ ကျော်ရှိနေရာ ဒဏ်ရိုက်အရေးယူ ပြီး ထုတ်ယူခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

Law Enforcement

Author