ကြီးကော်အစည်းအဝေး နောက်ပိုင်း VPA , amendment ဒဏ်ကြေး ထိထားသော ကားများကို စတင်ထုတ်ပေးနေ

0

Full article

![](/redline/content/images/2017/07/dada-300x201.jpg)

Photo Credit

ပြည်ပနိုင်ငံများမှ မော်တော်ယာဉ်များတင်သွင်းရာတွင် အကောက်ခွန် ဒဏ်ကြေးထုတ်ပြန်ခဲ့သော မတ်လ ၁၁ ရက်နောက်ပိုင်းတွင် VPA , Amendment ဖြင့် ညှိနေတဲ့ သိမ်းဆည်းထားသောကားများ ကို ပြန်လည်ထုတ်ပေးရန်ရှိရာ ယခုလရှိ ကြီးကော်အစည်းအဝေး ဆုံးဖျက်ချက်နောက်ပိုင်း ဒဏ်ကြေးထိနေသောကားများကို စတင်ထုတ်ပေးနေပြီ ဖြစ်တယ်လို့ အကောက်ခွန်ဦးစီးဌာနကနေသိရပါတယ်။ လိုင်စင်ပါမစ်မရရှိဘဲ ကုန်ပစ္စည်းကြိုတင်ရောက်ရှိနေခြင်းကို ကားသိမ်းဆည်းမည့် ပြစ်ဒဏ် VPA (Valid for prior Arrival) လိုင်စင်ပါမစ်မရမှီ ကားရောက်ခြင်းဒဏ်ကြေးဖြင့် ၁ ရက်မှ ၃ ရက်အထိ ကျော်လွန်တာကို ကင်းလွတ်ခွင့် ၄ ရက်က ၇ က်အထိ 1/4 ဒဏ်ကြေးနဲ့

၇ ရက်ကျော်ရင် သိမ်းဆည်းဖို့ ကြီးကော်အစည်းအဝေးတွင် အတည်ပြု သတ်မှတ်ထားလိုက်ပီဖြစ်ပါတယ်။ ကြီးကော်အစည်းအဝေး နောက်ပိုင်း VPA ဒဏ်ကြေးထိတားတဲ့ ကားတွေကို ပြန်ထုတ်ပေးနေပါပြီ။ အရင်က ကားတွေကတော့ အမိန့်မထွက်သေးပါဘူး။ VPA ကော Amendment ကော နှစ်ခုစလုံးပါပါတယ်။ ဟု အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဆိပ်ကမ်းများမှာလိုင်စင်ပါမစ်မရရှိသေးဘဲ ကုန်ပစ္စည်းကြိုတင်ရောက်ရှိနေခြင်းကို ကားသိမ်းဆည်းမည့် ပြစ်ဒဏ် VPA (Valid for prior Arrival) အကောက်ခွန်ဒဏ်ကြေး ဖြင့် သိမ်းဆည်းထားသောကားများသည် ဆိပ်ကမ်းထားခ များပေးဆောင်ရနေသဖြင့် ကြီးကော်အစည်းအဝေး မတိုင်ခင် ဒဏ်ကြေးထိထားသော ကားများအတွက် အမြန်ဆုံး ထုတ်ပေးရန်လိုနေကြောင်း ကားတင်သွင်းသူများက ပြောကြသည်။

ခေတ်သစ်

Author