carsDB
Volvo Cars Myanmar သည် ၎င်း၏ နောက်ဆုံးပေါ် မျိုးဆက်သစ် 2018 XC60 Premium SUV အား မြန်မာနိုင်ငံ ဈေးကွက်သို့ မိတ်ဆက်ပွဲကို ယနေ့ (နိုဝင်ဘာ ၁၁) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Volvo Cars Myanmar မှ XC60 Premium SUV ကားကို ဝယ်ယူသော ယာဉ်ပိုင်ရှင်တိုင်းအတွက် ကီလိုမီတာ အကန့်အသတ်မဲ့ဖြင့် သုံးနှစ်အာမခံပေးထားပြီး ကီလိုမီတာ ၁ဝ,ဝဝဝ ပြည့်တိုင်း အခမဲ့ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
carsDB
"ကျွန်တော်တို့ အနေနဲ့ နည်းပညာပိုင်းမှာ ကမ္ဘာ့ထိပ်တန်းအဆင့်လို့ သတ်မှတ်လို့ရတဲ့ မျိုးဆက်သစ် 2018 XC60 Premium SUV ကို မြန်မာနို်င်ငံ ဈေးကွက်မှ ကားချစ်သူ များအတွက် ဒီနေ့မှာ မိတ်ဆက်ပေးခွင့် ရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ Volvo ဟာ ခေတ်မီဆန်းသစ်တဲ့၊ ဆွဲဆောင်မှု ရှိတဲ့၊ နည်းပညာပိုင်း အဆင့်မြင်တဲ့ Premium အဆင့် SUV များကို အစဉ်တစ်စိုက် ထုတ်လုပ် ရောင်းချ ပေးခဲ့တဲ့ သမိုင်းကြောင်း ရှိပါတယ်။ ယခု ၂ဝ၁၈ မော်ဒယ် XC60 ဟာ ဆိုရင်လည်း ဒီဇိုင်းပုံစံ အသစ်စက်စက် အနေနဲ့ ပွဲထွက်လာတာဖြစ်ပြီး မြန်မာနိုင်ငံမှ ကားချစ်သူများ အတွက် အိမ်သုံး၊ ရုံးသုံး၊ လုပ်ငန်းသုံး အဖြစ် သုံးစွဲနိုင်မှာဖြစ်ပြီး ချွင်းချက်မရှိ ပြီးပြည့်စံမှုကို ရရှိစေမှာ ဖြစ်ပါတယ်။ 2018 XC60 Premium SUV ဟာ ကျွန်တော်တို့ Volvo ရဲ့ အနာဂတ်ကို လှမ်းချီနေတဲ့ စီမံကိန်းရဲ့ ကြီးမားတဲ့ ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။" ဟု Volvo Cars Myanmar ၏ General Manager ဖြစ်သူ Mr. Temmy Wiradjaja က ပြောကြားခဲ့သည်။
carsDB
XC60 Premium SUV ဈေးနှုန်းမှာ ကန်ဒေါ်လာ ၁၁၅,ဝဝဝ ဖြစ်ပြီး AYA, CB ဘဏ်များနှင့် ချိတ်ဆက်ပြီး အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ကြောင်းသိရသည်။
လာမည့် ဒီဇင်ဘာလတွင်လည်း Volvo Myanmar မှ သတင်းထောက် ၁၂ ယောက်ကို ဖိတ်ခေါ်ကာ Volvo ကားလေးစီးဖြင့်ရန်ကုန်မှမန္တလေး သို့ စမ်းသပ်မောင်းနှင်မှု (Test Drive) ကိုလည်း ပြုလုပ်သွား မည်ဖြစ်ကြောင်းသိရသည်။
Volvo ကားများသည် မြန်မာနိုင်ငံ ကားဈေးကွက်သို့ Performance Auto International Co., Ltd. ၏ ရန်ကုန်မြို့၊ ဓမ္မစေတီလမ်းရှိ Volvo Center ဖွင့်လှစ်ခြင်းနှင့်အတူ ၂ဝ၁၆ ခုနှစ်တွင် စတင်ဝင်ရောက် လာကြောင်းသိရသည်။