Full article

ဆွီဒင်ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Volvo ဟာ ၎င်းကုမ္ပဏီထုတ်ကားများကို Apple Watch နဲ့ Android Smart Watch များအသုံးပြု ထိန်းချုပ်နိုင်မယ့် စနစ်ထည့်သွင်းလိုက်ကြောင်း သိရပါတယ်.။ Dashboard အတွင်းမှာ တပ်ဆင်ထားတဲ့ Volvo On Call အမည်ရှိ စနစ်ကို အသုံးပြုသွားမှာဖြစ်ပြီး ယခင်က iOS, Android,  Windows Phone များနဲ့သာ အသုံးပြုနိုင်ရာမှ ယခု Smart Watch များနဲ့ပါ အသုံးပြုနိုင်ပြီဖြစ်ကြောင်း Volvo က သတင်းထုတ်ပြန်ပါတယ်.။

Smart Watch များကို အသုံးပြုပြီး ဓါတ်ဆီလက်ကျန်စစ်ဆေးနိုင်ခြင်း၊ ကားပါကင်ထိုးထားခဲ့သော နေရာကို ရှာဖွေနိုင်ခြင်း၊ တံခါး Lock အဖွင့်အပိတ် ပြုလုပ်နိုင်ခြင်း စသည့် အချက်များကို လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း သိရပါတယ်.။ မကြာခင်ကာလအတွင်းမှာ သွားလိုတဲ့တည်နေရာကို Smart Watch မှတဆင့် ကားဆီသို့ပေးပို့ခြင်းကဲ့သို့သော လုပ်ဆောင်ချက်များကိုပါ ထပ်မံထည့်သွင်းသွားမှာဖြစ်ကြောင်း သိရပါတယ်.။

Volvo ဟာ 2001 ခုနှစ်မှာ စတင်ထည့်သွင်းခဲ့တဲ့ Volvo On Call စနစ်နဲ့အတူ ပထမဆုံး in-car telematics စနစ်ထည့်သွင်းတဲ့ ကုမ္ပဏီဖြစ်ခဲ့ပြီး operator ဆီသို့ အက်ဆီးဒင့်ဖြစ်ပွားတဲ့နေရာကို အချက်ပြစနစ်ပေးပို့ကယ်ဆယ်နိုင်တဲ့စနစ် ဖြစ်ပါတယ်.။

Aung Mon Chan

www.myanmarcarsdb.com

No. 1 Car Site in Myanmar

Author