VOLVO မှ 2020 New Model XC40 SUV အား ရန်ကုန် အပြည်ပြည်ဆိုင်ရာကားပြပွဲ၌ မိတ်ဆက်ခြင်းပြုလုပ်

0

Full article

မြန်မာနိုင်ငံတွင် VOLVO အမှတ်တံဆိပ်မော်တော်ကားများကို တရားဝင် တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသည့် Performance Auto International Co., Ltd. သည် XC40 T3 R-design premium small SUV 2020 brand new ကားအသစ်ကို ယနေ့ (၂၁၊ ဖေဖေါ်ဝါရီ၊ ၂၀၂၀) တွင် စတင်ကျင်းပလိုက်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲ၌ စတင်မိတ်ဆက်လိုက်သည်။

VOLVO Car Myanmar မှ ဒါရိုက်တာဖြစ်သူ ဒေါ်နွေးနွေးလှိုင်မှ “VOLVO ကားများဟာဆိုရင် နောက်ဆုံးပေါ်  safety နည်းပညာများပါဝင်ပြီး ခန့်ညားထည်ဝါသော လူကြိုက်များသည့် အမှတ်တံဆိပ်အဖြစ်ရပ်တည်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပါပြီ။ မြန်မာနိုင်ငံ ကားဈေးကွက်အတွက် XC40 T3 R-design premium small SUV 2020 brand new ကိုမိတ်ဆက်ခွင့်ရရှိတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ XC40 T3 R-design ဟာ နေ့စဉ်သွားလာလှုပ်ရှားမှုများအတွက် ကားသုံးစွဲသူများရဲ့ လုပ်ငန်းများအတွက်သာမက personal သုံးကားအဖြစ်လည်း အသုံးပြုနိုင်မှာမို့လို့ ခြွင်းချက်မရှိ တမူထူးခြားတဲ့ ကားလည်းဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။
VOLVO Car Myanmar ၏ General Manager Mr. Temmy Wiradjaja မှ “VOLVO ကားများဟာဆိုရင် ကမ္ဘာတဝှမ်း ခေတ်မီဆန်းသစ် စိတ်လှုပ်ရှားစရာ ပေးစွမ်းနိုင်တဲ့ အမှတ်တံဆိပ်ပါ။ အခုမိတ်ဆက်လိုက်တဲ့ 2020 XC40 T3 R-design ဟာဆိုရင်လည်း VOLVO ရဲ့နောက်ဆုံးပေါ် ဒီဇိုင်းတွေ၊ နည်းပညာတွေ၊ လုံခြုံမှုတွေနဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းပြီး လူကြိုက်အများဆုံး SUV ဈေးကွက်ထဲကို ဝင်ရောက်လာတာပါ။ 2020 XC40 T3 R-design ဟာ မြန်မာနိုင်ငံကားဈေးကွက်ရဲ့ ကြီးမားတဲ့ ပံ့ပိုးမှုတစ်ခုဖြစ်လာနိုင်ပါတယ်။” ဟု ပြောကြားခဲ့သည်။

XC40 T3 R-Design အသစ်သည် 1.5-litre turbocharged ဓါတ်ဆီအင်ဂျင်နှင့်ဖြစ်ပြီး အမြင့်ဆုံးပါဝါထုတ်လွှတ်မှု 150 hp အထိရရှိနိုင်မည်ဟု VOLVO ကဆိုထားသည်။ ထို့အပြင် ပြင်ပမှ အန္တရာယ်ရှိသော လေထုညစ်ညမ်းမှုများနှင့် အမှုန်များကို ဖယ်ရှားပေးနိုင်ပြီး အတွင်းဘက်ကိုလည်း Scandinavian-Fresh Air ကိုပေးစွမ်းနိုင်သော “Clean Zone” a two-zone electronic climate control system ပါဝင်သည်ဟုလည်းသိရသည်။

Author