Volkswagen ၏ Showroom နှင့် Service Centre တရားဝင်ဖွင့်ပွဲ ကျင်းပပြုလုပ်

0

Full article

၃၀၊ ဇန်နဝါရီ၊ ၂၀၂၀ - ကမ္ဘာကျော် ဂျာမနီမော်တော်ယာဉ်အမှတ်တံဆိပ်ဖြစ်သော Volkswagen ၏ Showroom နှင့် Service Centre ဖွင့်ပွဲကို ယနေ့ (ဇန်နဝါရီ၊ ၃၀) ရက်နေ့၌ နံပတ် ၈၈၊ ၈ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် ရတနာလမ်းထောင့်ရှိ Volkswagen Shownroom တွင် ကျင်းပခဲ့သည်။

အဆိုပါဖွင့်ပွဲတွင် ဂျာမန်သံအမတ်ကြီး Thomas Neisinger ၊ Yoma Strategic Holdings Ltd. မှ CEO ဖြစ်သူ Melvyn Pun နှင့် Brand Director ဖြစ်သူ Dominique Lejeune တို့မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

Mr. Dominique မှ "အခုလို Volkswagen Showroom နဲ့ Service Centre ဖွင့်လှစ်ဖို့ဆိုတာ ရှည်လျားလှတဲ့ခရီးတစ်ခုဖြစ်ခဲ့ပြီး စိတ်လှုပ်ရှားဖို့လည်း ကောင်းလှပါတယ်။ တစ်ခုတည်းသော အကောင်းဆုံးဝန်ဆောင်မှုတွေပေးဖို့အတွက်ကတော့ ကျွန်တော်တို့ရဲ့ အရောင်းနဲ့ ဝန်ဆောင်မှုဝန်ထမ်းတွေဟာ သေသေချာချာ လေ့ကျင့်ထားပြီးပါပြီ။ ဒီလို အကောင်းဆုံးဝန်ဆောင်မှုမျိုးနဲ့ ကျွန်တော်တို့ရဲ့မော်တော်ကားတွေကို ရေတိုဖြစ်စေ ရေရှည်အတွက်ဖြစ်စေ အကောင်းဆုံးဖြစ်အောင် ရောင်းချသွားမှာပါ။ မဝေးလှတဲ့အနာဂတ်မှာ ပိုမိုအောင်မြင်ဖို့လည်းမျှော်လင့်ထားပါတယ်" ဟု ပြောကြားသွားခဲ့သည်။

၁၉၃၇ ခုနှစ်တွင် ဂျာမနီနိုင်ငံ Wolfsburg တွင် စတင်တည်ထောင်ခဲ့သော Volkswagen ကုမ္ပဏီသည် ကမ္ဘာထိပ်တန်း မော်တော်ယာဉ်ရောင်းချနေရသော အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံတွင်ဖွင့်လှစ်လိုက်သော Showroom နှင့် Service Centre တွင် Polo Hatchback အား အမေရိကန်ဒေါ်လာ ၂၅,၄၀၀ ဖြင့်လည်းကောင်း၊ Polo Sedan အား အမေရိကန်ဒေါ်လာ ၂၆,၈၀၀ ဖြင့်လည်းကောင်း၊ Golf အား အမေရိကန်ဒေါ်လာ ၄၆,၄၀၀ ဖြင့်လည်းကောင်း၊ Tiguan အား အမေရိကန်ဒေါ်လာ ၆၄,၅၀၀ ဖြင့်လည်းကောင်း၊ Touareg အား ရန်ကုန်လိုင်စင်အပါအဝင် အမေရိကန်ဒေါ်လာ ၁၂၅,၉၀၀ ဖြင့်လည်းကောင်း ရောင်းချလျက်ရှိသည်ဟုသိရသည်။

Author