Full article

![640px-VW_Showroom-500x189](/redline/content/images/2012/01/640px-VW_Showroom-500x189.jpg)

(photo credit: wikipedia)

ဂျာမန်ကားထုတ်လုပ်သည့် ကုမ္ဗဏီဖြစ်သော Volkswagen သည် ၂ဝ၁၁ခုနှစ်အတွက် ကားအစီးရေ ၈သန်းကျော် ရောင်းချနိုင်ခဲ့ပြီး ပြိုင်ဘက် ဂျပန်နိုင်ငံမှ Toyota Motor Corp ကိုကျော်တက်သွားနိုင်ခဲ့သည်။ Volkswagen ၏ထုတ်ပြန်ချက်အရ ၂ဝ၁၁ ခုနှစ်အတွင်း ကားအစီးရေပေါင်း ၈.၁၅၆သန်းတင်ပို့ရောင်းချနိုင်ခဲ့ပြီး လွန်ခဲ့သောနှစ်ထက် ၁၄ ရာခိုင်နှုန်းတက်လာသည်။

Toyata ကုမ္ဗဏီသည် ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရယ်များကြောင့် ကားထုတ်လုပ်နိုင်မှုနှုန်း လျော့ကျခဲ့ပြီး ကားစီးရေပေါင်း ၇.၉ သန်းခန့်သာ ရောင်းချနိုင်ခဲ့သည်။

Volkswagen သည် ၂ဝ၁၈ခုနှစ်အရောက်တွင် တစ်နှစ်အတွင်း ကားအစီးရေ ၁ဝသန်း ထုတ်လုပ်သွားနိုင်ရန်မျှော်မှန်းထားပြီး General Motor နှင့် Toyota တို့ကိုကျော်ကာ ကမ္ဘာပေါ်တွင် ကားထုတ်လုပ်နိုင်မှု အများဆုံးကုမ္ဗဏီဖြစ်ရန် ရည်ရွယ်ထားသည်။ အချို့ လေ့လာသူများက Volkswagen သည်ယခုတည်းက ကမ္ဘာ့အကြီးဆုံးဖြစ်နေပြီဟု ဆိုကြသည်။ အကြောင်းမှာ General Motor ၏အရောင်းစာရင်းများတွင် တရုတ်နိုင်ငံနှင့် အကျိုးတူ ပူးပေါင်းထုတ်လုပ်နေသော ကားများ ပါဝင်နေခြင်းကြောင့်ဖြစ်သည်။

Author