V.I.P Car Wash ၊ Care ၊ Audio နှင့် Accessories ဖွင့်ပွဲအား မန္တလေးမြို့၌ကျင်းပခဲ့

0

Full article

VIP Car Wash ၊ Care ၊ Audio & Accessories  ဆိုင်သစ်ဖွင့်ပွဲကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့တွင် မန္တလေး ချမ်းအေးသာစံမြို့နယ် ၊၂၉ လမ်း ၊ ၇၃ လမ်းနှင့် ၇၄ လမ်းကြား၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါပွဲတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ချမ်းအေးသာစံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကျော်စွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲကို V.I.P ဆိုင်ပိုင်ရှင် ကိုဇော်မင်းထက်နှင့် တာဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဆိုင်အတွင်းလှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် VIP Car Wash ၊ Care ၊ Audio & Accessories ဆိုင်သစ်ဖွင့်ပွဲအထိန်းအမှတ်အဖြစ် ကားအလှဆင်ခြင်းကို ၁၀% လျှော့ပေးသွားမှာဖြစ်ကြောင်းနှင့် ကား Premium ရေဆေးခြင်း၊ ကား Premium အတွင်းခန်းအခြောက်လျှော်ခြင်း၊ ကားစက်ပေါလစ်တိုက်ခြင်း၊ ကားအင်ဂျင်ခန်း ဂျီးချွတ်ဆေးခြင်း၊ ကားအောက်ကြမ်းခင်း Leather ခင်းခြင်း၊ ကား အင်ဂျင်ဝိုင်လဲခြင်းနှင့် Filter လဲခြင်း၊ ကား Window မှန် Sticker အမျိုးမျိုးကပ်ခြင်း (Made in USA ၊ India ၊ Korean ၊ Thailand ) ၊ ကား Paint protection film ကပ်ပေးခြင်း၊ ကားမီးခွက် But တိုက်ခြင်းနှင့် မီးခွက် Sticker ကပ်ခြင်း၊ ကားတစ်စီးလုံး Body Sticker ကာလာဒီဇိုင်းစုံကပ်ခြင်း၊ ကား ထိုင်ခုံစွပ်အမျိုးမျိုးနှင့် ကားအပူဒဏ်ခံ ခြုံစောင်အမျိုးမျိုး စသည်များကို စိတ်တိုင်းကျ ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။

Author