မြဝတီနယ်စပ်ဒေသမှတစ်ဆင့် ကားတင်သွင်းခြင်းကို ထိုင်းနိုင်ငံထုတ် တစ်တန်အောက်(CO) Country Orginal ဖြစ်သည့် ကားများကိုသာ တင်သွင်းခွင့်ပေးမည် ဖြစ်ရာ ထိုင်းနိုင်ငံထုတ် VIGO ကားများကို ပြန်လည်တင်သွင်းခွင့် ပေးသွားမှာ ဖြစ်သည်ဟု သိရသည်။
"ထိုင်းနိုင်ငံထုတ် ကားတင်သွင်းခွင့်ပေးတဲ့အထဲမှာ VIGO ကားတွေ ပါပါတယ်။ ထိုင်းနိုင်ငံထုတ်ကားမဟုတ်ရင် တက်သွင်းခွင့်မရပါဘူး။ Hijet တို့၊ Delivery van ကားတွေကတော့ တင်သွင်းလို့ရမှာမဟုတ်ဘူး။"ဟု စီးပွား/ကူးသန်းဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြဝတီ တံတားမှတစ်ဆင့် တင်သွင်းလာသည့် brand new ကားများဖြစ်ပါက ထိုင်းနိုင်ငံထုတ် ( CO) Country Orginal ဖြစ်ရမည်ဖြစ်၍ used ကားများ တင်သွင်းလာပါက ထိုင်းနိုင်ငံ အကောက်ခွန် ဦးစီးဌာန၏ တင်သွင်းခွင့်ပြု အထောက်အထားပါရှိသော ကားများကိုသာ တင်သွင်းခွင့်ရရှိမှာဖြစ်သည်ဟု သိရသည်။
ယခင်က ပိတ်ထားသော လုပ်ငန်းသုံး အုပ်စုတွင်ပါဝင်နေသည့် ထိုင်းနိုင်ငံထုတ် VIGO အမျိူးအစား များကို ပြန်လည်တင်သွင်းခွင့်ပေးသွားခြင်းဖြစ်သည်။