ဗီယက်နမ်မြို့တွင်ကျင်းပခဲ့သည့် Vietnam Motor Show 2019 နှင့် Audi

0

Full article

၂၀၁၉ အောက်တိုဘာလ ၂၄ ရက် - ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီး၌ Vietnam Motor Show 2019 ကို စတင်ကျင်းပခဲ့သည်။ အရှေ့တောင်အာရှ၏ အတိုးတက်ဆုံးဒုတိယမြောက်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းအမြင့်ဆုံးဖြစ်သော တောင်ပိုင်းမြို့တော်တွင်ကျင်းပသည့် မော်တော်ယာဉ်ပြပွဲပီသစွာဖြင့် ပြပွဲမှာကြီးမားလှပြီး ခင်းကျင်းပြသသည့်တစ်ချိန်လုံး လူစည်ကားလှသည့် ပြပွဲတစ်ပွဲလည်းဖြစ်သည်။

ပြပွဲတွင်ဝင်ရောက်ပြသလျက်ရှိသောကားများတွင် Audi ၊ VolvoSuzuki ၊ Nissan ၊ MitsubishiToyotaMercedes-Benz ၊ Honda ၊ Lexus ၊ Subaru ၊ Jaguar Land RoverFordVolkswagen အစရှိသော ကမ္ဘာကျော်မော်တော်ကားကုမ္ပဏီကြီးများစွာပါဝင်သည့်အပြင် Vinfast ကဲ့သို့သော ဗီယက်နမ်အခြေစိုက် မော်တော်ယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီများလည်းပါဝင်သဖြင့် အထူးစိတ်ဝင်စားဖွယ်ကောင်းလှသော ပြပွဲဟုလည်းဆိုနိုင်သည်။

မြန်မာနိုင်ငံသို့ မကြာတော့မီအချိန်အတွင်း တရားဝင်မိတ်ဆက်တော့မည့် ဂျာမနီ၏ အမြဲတမ်းစိန်ခေါ်သူ၊ နည်းပညာပိုင်းအားဖြင့် အစဉ်တစိုက်ခေတ်ရှေ့ပြေးလှသော Audi ကုမ္ပဏီမှာလည်း ပြပွဲတွင်ပါဝင်ပြီး Audi ၏ Sedan များဖြစ်ကြသော A6 ၊ A7 ၊ A8 နှင့် SUV များဖြစ်ကြသည့် Q2 ၊ Q3 ၊ Q5 ၊ Q7 ၊ Q8 တို့အပြင် လျှပ်စစ်စွမ်းအင်သုံး အနာဂတ်ကား e-tron အပါအဝင် စုံလင်စွာခင်းကျင်းပြလျက်ရှိသည်ကို တွေ့ခဲ့ရသည်။

လက်ရှိအချိန်တွင် Volkswagen Group မှပိုင်ဆိုင်သော Audi အမှတ်တံဆိပ်သည် ပြီးခဲ့သော ၂၀၁၈ ခုနှစ်က ကမ္ဘာအနှံ့ကားအစီးရေ ၁.၈ သန်းကျော်ရောင်းချခဲ့ရပြီး မြန်မာနိုင်ငံသို့ဝင်ရောက်လာသည့်ချိန်တွင်လည်း ကမ္ဘာအနှံတင်ပို့ရောင်းချသည့် အရည်အသွေးအတိုင်း အပြည့်အဝရရှိနိုင်မည်ဖြစ်သောကြောင့် လက်ရှိအချိန်တွင် လူအများစိတ်ဝင်စားလျက်ရှိသော အမှတ်တံဆိပ်တစ်ခုဟုလည်း ဆိုနိုင်ပေသည်။

Author