စီးနင်းသူများ အဆင်ပြေစေမည့် ဆက်သွယ်ရေးကွန်ရက် viber community အသစ်တစ်ခုကို rakuten viber နှင့် Yangon Water Bus တို့ စတင်မိတ်ဆက်

0

Full article

ရေကြောင်းပို့ဆောင်ဆက်သွယ်ရေးဝန်ဆောင်မှု၏ ထောင်နှင့်ချီ သော ခရီးသည်များအတွက် နောက်ဆုံးရသတင်းအချက်အလက်များ ပေးအပ်နိုင်ရန်နှင့် စီးနင်းသူခရီးသည်အချင်း ချင်း ချိတ်ဆက်ကာ ဝေဖန်အကြံပြုချက်များ ဝေမျှနိုင်မည့် ပလက်ဖောင်းတစ်ခုဖြစ်သည့် Yangon Water Bus viber community ကို Rakuten Viber နှင့် Yangon Water Bus တို့ပူးပေါင်းဆောင်ရွက်မှုကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း viber community မှ သိရပါသည်။

ယခု အသစ်မိတ်ဆက်လိုက်သော viber community သည် လိုက်ပါစီးနင်းသူခရီးသည်များအတွက် ၎င်းတို့၏ မိုဘိုင်းလ် ဖုန်းများမှတစ်ဆင့် တစ်ရက်တာလုံးစာ သတင်းအချက်အလက်များကို နေ့စဉ်လွယ်ကူအဆင်ပြေစွာ ရယူနိုင်စေရေး နှင့် မြန်မာနိုင်ငံ၏ အကြီးဆုံးစီးပွားရေးမြို့တော်ရှိ ရေလမ်းသွားလာရေးစနစ်ကို အသုံးပြုရာတွင် အတွေ့အကြုံ ကောင်းများပိုမိုရရှိစေရေး အကူအညီပေးသွားမည် ဖြစ်ကြောင်းသိရပါသည်။

"လိုက်ပါစီးနင်းကြမယ့်ခရီးသည်တွေနဲ့ Yangon Water Bus ကြားမှာ ပိုပြီးထိထိရောက်ရောက် ချိတ်ဆက်ပေးနိုင်ဖို့ တရားဝင် viber community ကို ပထမဆုံးအသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်လာ တဲ့အတွက်လည်း တကယ်ကိုပဲ စိတ်လှုပ်ရှားမိပါတယ်။ လက်ရှိမှာ water bus ၁၁ စီးရှိပြီဖြစ်ပြီး တစ်စီးချင်းစီအနေနဲ့ တစ်နေ့ကို ၁၂ ကြိမ်အထိ ဆိပ်ကမ်း ၁၁ ခုကို ပြေးဆွဲပေးနေပါတယ်။ လာမယ့်အနာဂတ်မှာလည်း လမ်းကြောင်းအသစ်တွေကို ထပ်မံတိုးချဲ့သွားဖို့ ရည်ရွယ်ထားပါတယ်။ Yangon Water Bus viber communityအသစ်အကြောင်း ပိုပြီး ပြည့်ပြည့်စုံစုံသိရဖို့နဲ့ ဒီ community ကနေ အမြဲတမ်းပေးပို့ပေးနေမယ့် နောက်ဆုံးရ သတင်းအချက်အလက်တွေကို ရယူနိုင်ဖို့ water bus ဝန်ဆောင်မှုကို လက်ရှိ အသုံးပြုနေကြတဲ့ သုံးစွဲသူတွေရော စမ်းသပ်သုံးစွဲဖို့ရည်ရွယ်နေကြသူတွေပါ ပါဝင်ချိတ်ဆက်အသုံးပြုနိုင်ကြပါတယ်" ဟု Tint Tint Myanmar ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားသူ ဒေါ်တင့်တင့်လွင်က ပြောကြားခဲ့သည်။

ယခု အသစ်မိတ်ဆက်လိုက်သော Viber Community ကို အသုံးပြုခြင်းဖြင့် Yangon Water Bus ဝန်ဆောင်မှုနှင့် ပတ်သက်သော နောက်ဆုံးရ သတင်းအချက်အလက်များ ကို အချိန်နှင့် တပြေးညီ ရယူနိုင်မည်ဖြစ်ပြီး သိလိုသမျှကို ပြည့်ပြည့်စုံစုံ မြန်မြန်ဆန်ဆန်ဖြေကြားပေးမည့် Yangon Water Bus အဖွဲ့နှင့် တိုက်ရိုက်ဆက်သွယ်ပြောဆိုမေးမြန်းနိုင်မှာ ဖြစ်ရာ communityအဖွဲ့ဝင်အသစ်များအနေနှင့် ယခင်မျှဝေထားသည့်အချက်အလက်များအားလုံးကို ဝင်ရောက်ကြည့်ရှု နိုင်မည် ဖြစ်ကြောင်း သိရသည်။

Viber Community ကို အသုံးပြုနိုင်ရန် viber version 8.2 နှင့်အထက် ရှိရန် လိုအပ်ပါသည်။ Yangon Water Bus Community တွင်အဖွဲ့ဝင်ရန် https://www.viber.com/download/ သို့ ဝင်ရောက်ပြီး နောက်ဆုံးပေါ် Viber Version ကို ရယူနိုင်ပါကြောင်းသိရပါသည်။

Business

Author