လေလံတင်ရောင်းချမည့် ဖောင်ပုံစံကို မန္တလေးတိုင်းအစိုးရရုံးတွင် တင်ဒါပုံစံလျှောက်လွှာ တစ်ဆောင်လျှင် ငွေကျပ်တစ်သောင်းဖြင့် ဝယ်ယူရရှိနိုင်ကြောင်းသိရသည်။ ကားအစီးရေ အားလုံး ၁၁၉ စီးကို လေလံစနစ်နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။ အကြောင်းကြောင်းကြောင့် ဖမ်းဆည်းသိမ်းဆည်းထားတဲ့ ကားတွေဖြစ်ပါတယ်ဟု မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ထိုကားများကို လေလံဆွဲဝယ်သူများအနေဖြင့် သြဂုတ်လ ၁၅ ရက်မှ ၁၉ ရက်ထိ လျှောက်လွှာဝယ်ယူနိုင်ပြီး လေလံပစ်မည့်ကား အစီး ၁၁၉ စီးတွင် pajero၊ Toyota saloon အစရှိသည့် အိမ်စီးကားမျိူ းစုံပါဝင်ပီးလုပ်ငန်းသုံးကားများလည်းပါဝင်ကြောင်းသိရသည်။