ကားအမျိုးအစား မှားယွင်းတင်သွင်းလာပါက တင်သွင်းခဲ့သည့် နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်

0

Full article

ပြည်ပနိုင်ငံကနေ ကားတင်သွင်းရာတွင် လိုင်စင်တွင် ဖော်ပြထားသည့် ကားအမျိူးအစားနှင့် ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ကားအမျိူးအစားမှာ မှားယွင်းနေပါက တင်သွင်းခဲ့သည့် နိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ကြောင်း စီးပွား/ကူးသန်းဝန်ကြီး ဌာနကနေ သိရသည်။

"အထောက်အထား တွေပြဖို့တော့လိုတယ်။ လိုင်စင်မှာက အမျိူးအစားတစ်ခု ပြည်ပက ပို့တာ အမျိူးအစား တစ်ခု ဖြစ်နေရင် တင်သွင်းထားတဲ့ နိုင်ငံကို ပြန်ပို့လို့ရပါတယ်။ မှားယွင်းပြီး ပို့ခဲ့တယ်ဆိုတဲ့ အထောက်အထား တော့လိုပါတယ်။ "လို့ စီးပွား/ကူးသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

ပြည်ပမှ ကားများမှာယူတင်သွင်းရာတွင် အမျိူးအစား မှားယွင်းစွာ ပို့မိသည့် ကားများရှိနေရာ အကောက်ခွန်ဦးစီးဌာန နှင့် အဆိုပါ ကားများအား ပြန်လည်ပို့ဆောင်ရန် ညှိနှိုင်းလုပ်ဆောင်ရမှာဖြစ်ပြီး လိုင်စင်နှင့် တင်သွင်းသည့်ကားအချက်အလက်များ ပြသရန်လိုအပ်ကြောင်းသိရသည်။

အကောက်ခွန်ဥပဒေအရ မော်တော်ယာဉ်အမျိူးအစား ကွဲလွဲတင်သွင်းလာပါက ကားကို သိမ်းဆည်း ဒဏ်ရိုက်အရေးယူသည့် ပြစ်ဒဏ်သတ်မှတ်ထားသော်လည်း တစ်ဖက်နိုင်ငံက မှားယွင်းစွာ ပို်ဆောင်မိပါက ပြန်လည် ပေးပို့ရှင်း လင်းနိုင်ကြောင်း သိရပါသည်။

Author