မိုဒယ်မြင့် ကားအစီးရေများပြားလာသော်လည်း ကြံ့ခိုင်မှုစစ်ဆေးသည့် စက်ကိရိယာ နည်းပါးနေသေးဟု လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးပြောကြား

0

Full article

မြန်မာတစ်နိုင်ငံလုံး မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၆.၈ သန်းကျော်ရှိရာ မိုဒယ်မြင့် ကားအစီးရေများပြားလာသော်လည်း ကြံခိုင်မှုစစ်ဆေးသည့် စက်ကိရိယာ နည်းပါးနေသေးဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ဆို က ပြောကြားထားခဲ့သည်။

"တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မှတ်ပုံတင်ထားတဲ့ကားအစီးရေနဲ့ စက်ကိရိယာ စစ်ဆေးတာ အခက်အခဲ တွေရှိနေပါသေးတယ်။ ခေတ်မီမော်တော်ယာဉ်များ တိုးတက်များပြားလာနေတဲ့အတွက် ခေတ်မီစက်ကိရိယာနဲ့ စစ်ဆေးတာကို တိုးချဲ့ဆောင်ရွက်ရမှာဖြစ်တယ်။ လမ်းပေါ်မှာ ယာဉ်တွေ ဘေးအန္တာရယ်ကင်းရှင်းသော ယာဉ်များအသုံးပြုတဲ့ ဓလေ့ ဖြစ်အာင် လုပ်ဆောင်ရမှာဖြစ်သလို လိုအပ်တဲ့ စံနှုန်းသတ်မှတ်ချက် ညီညွတ်ရန် တိုးချဲ့ဆောင်ရွက်ရမှာဖြစ်တယ်" ဟု ရန်ကုန်တိုင်းဒေသကြီး စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က (JICA) နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနတို့ ပူးတွဲကျင်းပပြုလုပ်သော အခမ်းအနားတွင် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စက်မှု၊လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က မြန်မာတစ်နိုင်ငံလုံး မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၆.၈ သန်းကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ကားအစီးရေ ၅သိန်း၃သောင်း ကျော်ရှိရာ ယာဉ်များကို စစ်ဆေးသည့် စက်ကိရိယာ စစ်ဆေးပစ္စည်းမှာ (မော်တော်ယာဉ်အတွက် ၁၄ ခု၊ ဆိုင်ကယ်စစ်ဆေးခြင်း စက်ကိရိယာ ၁၂ ခုရှိ) အရေအတွက်နည်းပါးနေသေးကြောင်း ပြောကြားသွားခဲ့သည်။
R-01

Author