ယာဉ်များအားလုံးကို အင်ဂျင်ပါဝါအလိုက်မခွဲခြားဘဲ အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်းသာ တစ်ပြေးညီ သတ်မှတ်ရန် ပြည်ထောင်စုလွှတ်တော်ထံတင်ပြ

0

Full article

ပြည်တွင်းသုံးယာဉ်များအားလုံးကို အင်ဂျင်ပါဝါအလိုက်မခွဲခြားဘဲ အထူးကုန်စည်ခွန် ၁ဝ ရာခိုင်နှုန်းသာ တစ်ပြေးညီ သတ်မှတ်ပေးရန် ပြည်ထောင်စုလွှတ်တော်ထံတင်ပြ ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ် ၆ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျင်ခန့်ပေါင်က ယနေ့ စက်တင်ဘာလ ၁၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြခဲ့ပါသည်။အမျိုးအစားခွဲခြား၍ အထူးကုန်ခွန်စည်းကြပ်ခြင်းမပြုဘဲ တစ်ပြေညီ ၁ဝ ရာခိုင်နှုန်းသာ သတ်မှတ်ရန် ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ် ၆ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျင်ခန့်ပေါင်က ယနေ့ စက်တင်ဘာလ ၁၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြခဲ့ပါသည်။

"အထူးကုန်စည်ခွန်မှာပါတဲ့ မော်တော်ကားကိစ္စတွေ ဖြစ်ပါတယ်။ အဲဒီမော်တော်ကားတွေဟာ ၂ဝဝဝ CC အောက်ရယ်။ ၄ဝဝဝ CC အောက်ရယ်။ ၄ဝဝဝ CC အထက်ရယ် ဆိုပြီးတော့ ခွဲထားတာရှိပါတယ်။ မူလ ဥပ ဒေကြမ်းမှာတော့ ၁ဝ ရာခိုင်နှုန်းတို့၊ ၃ဝ ရာခိုင်နှုန်းတို့၊ ၅ဝ ရာခိုင်နှုန်းတို့ပါ ရှိပါတယ်။ ဒါပေမယ့် ကျနော် တင်ပြ လိုတာတော့ အဲ့ဒီ ကားအမျိုးအမျိုးကို အခွန်တစ်မျိုးတည်း ၁ဝ ရာခိုင်နှုန်းသာ ကောက်ခံပေးဖို့ တောင်း ဆိုလိုပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံဝန်ထမ်းအကြီးအကဲများနဲ့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်များလည်း ဘဲကားဝယ်နိုင်ဖို့ဖြစ်ပါတယ်။ မော်တော်ကားရဲ့ တန်ဖိုးက နည်းရင် နည်းတဲ့ အလျှောက်၊ များရင်များတဲ့အလျှောက် အခွန်နှုန်းများလာမှာဖြစ်တဲ့အတွက်ကြောင့် မော်တော်ကားရယ်၊ စက်ယန္တရားပစ္စည်းတွေရယ် အားလုံကို ၁ဝ ရာခိုင်နှုန်းပဲကောက်ခံဖို့ ကျနော် တင်ပြလိုပါတယ်" ဟု ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ် ၆ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျင်ခန့်ပေါင်က ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော်၊ နဝမပုံမှန်အစည်းအဝေး၊ ၂၁ ရက်မြောက်နေ့တွင် ၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျှဉ်းဆွေးနွေး စဉ်ပြောဆိုခဲ့ပါသည်။

၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျှဉ်း၍ လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦးပါဝင်ဆွေးနွေးခဲ့ပြီး မိုင်းတုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော် ဦး (ခေါ်) ဦးကျော်ဦးက ၂ဝဝဝ CC နှင့်အထက် ၃ဝဝဝ CC အတွင်းမှ ကားများကို တောင်ပေါ်ဒေသ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် မဖြစ်မနေ အသုံးပြုနေရကြောင်း၊ အစိုးရ အဆိုပါ ကားများကို ဇိမ်ခံကားအ တွင်း စာရင်းထည့်သွင်းထားသဖြင့် ဈေးကြီးပေးဝယ်ယူအသုံးပြုနေရကြောင်း၊ ထို့ကြောင်း လမ်းပန်းဆက်သွယ် ရေးအခက်အခဲရှိသည့် ဒေသနေပြည်သူများအဆင်ပြေစေရန် မော်တော်ယာဉ်ခွန်များကို လျော့ချစည်းကြပ်ပေး ရန်တင်ပြလိုကြောင်းဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။

"ပြည်ပမှ မော်တော်ယာဉ်တင်သွင်းမှု စည်းကြပ်နှုန်းထားများကို လျော့ချပေးသင့်ကြောင်း ကျနော်တင် ပြလိုပါတယ်။ ယနေ့ ကမ္ဘာနှင့် အဝှမ်းဒေါ်လာငွေကြေးမြင့်မားလာခြင်းကြောင့် ပြည်ပမှ ဝယ်ယူတင်သွင်းရသည့် မော်တော်ယာဉ်များအနေဖြင့် ကုန်ကျစရိတ်ပိုမိုပြားလာတဲ့အတွက် တင်သွင်း မှုများလျော့နည်းလာပါတယ်။
လက်ရှိ မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒအရ တစ်ပတ်ရစ် တင်သွင်းခွင့်မရှိတော့သဖြင့် ပြည်ပမှ တင်သွင်းလာမည့် အထူးကုန်စည်သတ်မှတ်ထားသော မော်တော်ယာဉ်များအပေါ် စည်းကြပ်ထားသည့် အခွန် များ ထပ်မံဖြေလျော့၍ အရေအတွက်များများဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ ရှာဖွေဖို့ တင်ပြအပ်ပါတယ်။"ဟု မောက်မယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်းက ပါဝင်ဆွေးနွေးခဲ့ပါသည်။

နိုင်ငံတွင်းသို့ ကုမ္ပဏီမျိုးစုံ၊ အမှတ်တံဆိပ်မျိုးစုံဖြင့် မော်တော်ကားများ ဖွင့်လှစ် ရောင်းချသည့် Show room များစွာရှိပြီး ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ ယခု သြဂုတ်လ ၂ဝ ရက် နေ့အထိ ပြည်ပမှမှာယူတင်သွင်းလာသော မော်တော်ယာဉ် ၈၇ဝဝစီးအပေါ် အခွန်စည်းကြပ်ခဲ့ရာတွင်ကျပ်သန်း ပေါင်း ၁၁၉၇ .၈၄သန်း ရရှိခဲ့ကြောင်းသိရပါသည်။

Author