မော်တော်ယာဉ် ရာဖြတ်အခွန် တန်ဖိုးများ ကောက်ခံမှု မကျေနပ်ပါက တိုင်းရုံးသို့ လာရောက်တိုင်ကြားနိုင်

0

Full article

![](/redline/content/images/2017/07/fefgg-300x225.jpg)

_ Photo Credit_

မော်တော်ယာဉ်ရာဖြတ်အခွန် တန်ဖိုးများ ကောက်ခံမှူ ကို ဇူလိုင် ၃ ရက်နေ့တွင် စတင်ပြောင်းလဲကောက်ခံခဲ့ရာ ကားတန်ဖိုးရာဖြတ်ရာတွင် မကျေနပ်မှူရှိပါက ပြည်တွင်းအခွန်တိုင်းရုံးသို့ လာရောက်တိုင်ကြားနိုင်ပါတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန နေပြည်တော် ကနေသိရပါတယ်။ မော်တော်ယာဉ်များ တန်ဖိုးဖြတ် အခွန်ကောက်ခံရာတွင် ကားတစ်စီးနဲ့တစ်စီး မတူညီဘဲ တန်ဖိုးများ ကွာဟ ကောက်ခံနေမှူများရှိသည့်ဖြစ်စဉ်များရှိလာပါက သက်သေအထောက်အထားနဲ့ တစ်ကွ လာရောက်တိုင်ကြားနိုင်တယ်လို့ သိရပါသည်။ ကားတွေကို ရာဖြတ်တန်ဖိုး ကောက်ခံတာ မတူညီတာတို့ ဖြစ်နေရင် တိုင်းရုံးကို လာရောက်တိုင်တန်းလို့ရတယ်။ သက်သေအထောက်အထားတော့ ပြည့်ပြည့်စုံစုံ နဲ့ လာတိုင်ဖို့တော့ လိုပါတယ်။ မြို့နယ်က လုပ်တဲ့ကိစ္စကို သူထက်ကြီးတဲ့ အရာရှိ ရှိတဲ့ တိုင်းရုံးမှာ လာတိုင်မှ ဆုံးဖြတ်ပေးလို့ရမှာပါ။ဟု ပြည်တွင်အခွန်များဦးစီးဌာန နေပြည်တော်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မော်တော်ယာဉ်များ ရာဖြတ်တန်ဖိုးကောက်ခံရာတွင် မော်တော်ယာဉ်အမည် အမျိူးအစား ၊ ယာဉ်ထုတ်လုပ်သည့် ခုနှစ် model ၊ မန်နူရယ် ၊အော်တို ခွဲခြားသတ်မှတ်ထားရှိပြီး မော်တော်ယာဉ် တန်ဖိုး အပေါ်လိုက်၍ တန်ဖိုးကွာဟမှူများ သတ်မှတ်ထားကြောင်း သိရသည်။ ယခုဇူလိုင်လတွင် ထုတ်ပြန်ထားသော ကား ရာဖြတ်တန်ဖိုး အခွန်နှူန်းထားများသည် မော်တော်ယာဉ် တစ်စီးအား အနီးစပ်ဆုံး ဈေးနှူန်းများဖြင့် တန်ဖိုးဖြတ်သတ်မှတ်ထားပြီး မော်တော်ယာဉ် အမည်ပြောင်း ပြုလုပ်ပါက ကားတန်ဖိုး၏ ၁၅ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ခေတ်သစ်

Author