သံတမန်နှင့် အဖွဲ့အစည်းများ၏ သံတမန်အခွင့်အရေးမရသော သူများထံမှ ကောက်ခံသောယာဉ်နှင့် ယာဉ်မောင်းလိုင်စင်မှတ်ပုံတင်ခများ၊ နိုင်ငံခြားသားနှင့် နိုင်ငံခြားကုမ္ပဏီအမည်ပေါက် ယာဉ်မှတ်ပုံတင်ခများ၊ နိုင်ငံခြားသားယာဉ်မောင်းလိုင်စင်ကို မြန်မာနိုင်ငံယာဉ်မောင်းလိုင်စင်သို့ ပြောင်းလဲထုတ်ပေးသည့် ကိစ္စရပ်များတွင်လည်း ကျပ်ငွေဖြင့်ပေးသွင်းနိုင်ပြီဖြစ်ပြီး ယင်းကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားသော ကျပ်ငွေနှင့်ဒေါ်လာငွေလဲလှယ်နှုန်းအတိုင်း ကျပ်ငွေဖြင့်သာကောက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။
အစိုးရနှင့် ဌာနဆိုင်ရာများသို့ပေးသွင်းငွေများ နိုင်ငံခြားငွေအစား ကျပ်ငွေဖြင့်ပေးသွင်းခွင့်ပြုမည်ဟု မေ(၃၁)နေ့က သတင်းထုတ်ပြန်ပြီးနောက် ပြင်ပဒေါ်လာဈေးကွက်တွင် ငွေလဲလှယ်နှုန်းမှာ တစ်ဒေါ်လာလျှင်(၉၄ဝ)ကျပ်အထိကျဆင်းခဲ့သော်လည်း ဇွန်လ(၆)နေ့တွင်မူ (၉၄၉)ကျပ်သို့ ပြန်လည်မြင့်တက်လာခဲ့သည်။
The Voice Daily မှ ကူးယူဖော်ပြသည်။
Photo Credits to isriya