ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်ကားများ ဝင်ငွေခွန် ပေးဆောင်ခြင်းကို ကညနရုံးတွင် အခွန်အထောက်အထားပြပါ က ဝင်ငွေခွန် ကင်းလွတ်ခွင့်ရမည်

0

Full article

ယာဉ်အိုယာဉ်ဟောင်း အစားထိုး တင်သွင်းလာသည့် စလစ်ကပ်ကားများ သက်ဆိုင်ရာကညန ရုံးများတွင် အခွန် ပေးဆောင်ထားသော အထောက်အထားပြပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာနက သိရသည်။
ယခင်တင်သွင်းထားသော ကားအုံနာဘုတ်၊ လူအမည်ပေါက် စာရွက်စာတမ်းများနှင့် ဖျက်သိမ်းခဲ့သော ပုံစံ (ဃ) စလစ်တို့ကို အပ်ပြီး ထွက်ပေါ်လာသည့် တန်ဖိုးမှာ တင်သွင်းလာသော ကားတန်ဖိုးနှင့် တူညီနေပါက ကညန ရုံးများတွင် one stop service လုပ်ဆောင်ပေးနေကြောင်းသိရသည်။

"စလစ်ကပ် ကားတွေဆို အရင်ကားတင်သွင်းထားတဲ့ စာရွက်စာတမ်း တွေလိုတယ်။ ပိုင်ရှင်ဆို နာမည်ပေါက်တဲ့ အုံနာဘုတ်လိုတယ်။ အခွန်ရုံးကို လာစရာမလိုဘူး။ ကိုယ့်နာမည် အမည်ပေါက်ဆိုရင် ကိုယ့်နာမည်နဲ့ ဆောင်ခဲ့ပြီးသားဖြစ်လို့ အဲ့ဒီနာမည်နဲ့ပဲ ကားသွင်းတာရင် ပြည်တွင်းအခွန်ကို လာစရာမလိုဘဲ ကညနရုံးကိုသွားပြီး အခွန်ကင်းလွတ်ခွင့်ရပါတယ်။"ဟု ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုဇူလိုင်လတွင် ထုတ်ပြန်ထားသော ကားရာဖြတ်တန်ဖိုး အခွန်နှုန်းထားများသည် မော်တော်ယာဉ် တစ်စီးကို အနီးစပ်ဆုံး ဈေးနှုန်းများဖြင့် တန်ဖိုးဖြတ်သတ်မှတ်ထားပြီး မော်တော်ယာဉ်အမည်ပြောင်း ပြုလုပ်ပါက ကားတန်ဖိုး၏ ၁၅ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

R-01

Author