တိုက်ကြေစလစ် ထုတ်ပေးမှု ရပ်ဆိုင်းသွားမည်မဟုတ်ဘဲ ဆက်လက်ခွင့်ပြုပေးမည်

0

Full article

ယာဉ်အိုယာဉ်ဟောင်း စီမံချက်အတိုင်း တိုက်ကြေကားများ အပ်နှံခွင့်ပြုရာတွင် အစားထိုးတင်သွင်းရန် တိုက်ကြေစ လစ် ထုတ်ပေးမှု ရပ်ဆိုင်းသွားမည်မဟုတ်ဘဲ ဆက်လက်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သိရပါသည်။

တိုက်ကြေကားစလစ်ထုတ်ပေးရာတွင် ပြန်လည်ပြင်ဆင်အသုံးပြု၍ရသည့် တိုက်ကြေကားများကို ယာဉ်အိုယာဉ်ဟာင်းအဖြစ် အပ်ခွင့်မပေးဘဲ တိုက်ကြေစလစ် ထုတ်ပေးမည်မဟုတ်ကြောင်း သိရပါသည်။

ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသော ကားများကို အစားထိုး ကားသစ်တစ်စီး ပြန်လည်တင်သွင်းခွင့်ပေးရာတွင် အမှန်တစ်ကယ် ထိခိုက်မှုမရှိဘဲ ယာဉ်တိုက်မှုဖြစ်ပွားသကဲ့သို့ လုပ်ကြံဖန်တီး၍ တိုက်ကြေစလစ် ထုတ်ယူမှုများ ရှိနေကြောင်း သိရပါသည်။

"ယာဉ်အိုယာဉ်ဟောင်း စီမံချက်အတိုင်း တိုက်ကြေစလစ် ထုတ်ပေးတာကို ရပ်ဆိုင်းဖို့မရှိပါဘူး။ ရဲနဲ့ တရားရုံးကနေ ယာဉ်တိုက်မှုဖြစ်တဲ့ အမှုဖြစ်စဉ်နဲ့ ဒဏ်ကြေးပေးဆောင်ပြီးရင် တိုက်ကြေစလစ်ထုတ်ပေးပါတယ်။ ဒါပေမယ့် တိုက်ထားတဲ့ ကားက ပြန်ပြီးပြင်ဆင် အသုံးပြုလို့ရတဲ့ အနေအထားရှိရင် တိုက်ကြေစလစ် ထုတ်မပေးပါဘူး။ လုံးဝ သုံးလို့မ ရတော့တဲ့အခြေအနေနဲ့ လမ်းပေါ်မှာသွားလာဖို့ Safety မဖြစ်တဲ့ ကားတွေကိုဘဲ တိုက်ကြေစလစ် ထုတ်ပေးမှာပါ။ "ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တိုက်ကြေကားစလစ်ဖြင့် ပြည်ပက ကားသစ်တစ်စီးအစားထိုး တင်သွင်းမှုကို CIF တန်ဖိုး ဒေါ်လာ ၅ဝဝဝ ဖြင့် ၁၃၅ဝ စီစီနှင့်အောက်ကားများကို တင်သွင်းခွင့်ပြုထားကြောင်း သိရသည်။

Author