ကနဦး ယာဉ်မှတ်ပုံတင်ဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်လက်ခံဆောင်ရွက်ပေးသွားမည်

0

Full article

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ကနဦး မှတ်ပုံတင်ဝန်ဆောင်မှုလုပ်ငန်းများကို  ပြန်လည်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။

ကနဦး ယာဉ်မှတ်ပုံတင်ဌာန ထောက်ကြန့်နှင့် ရွာသာကြီး ရုံးများ၏ ကနဦးမှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ သဘောတူညီချက်အရလည်းကောင်း နေပြည်တော်နှင့် မန္တလေးရုံးများ၏ ကနဦးယာဉ်မှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းများကို ပို့ဆောင်ရေးနှင့်ဆက်သွယ်‌ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်လည်းကောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ် မေလ ၅ ရက်နေ့မှစတင်၍ ပြန်လည်လက်ခံဆောင်ရွက်ပေးသွားမည်ဟုသိရသည်။ မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်ရာတွင် ရပ်ဆိုင်းထားသည့်ကာလဖြစ်သော ကနဦးယာဉ်မှတ်ပုံတင်ဌာန ထောက်ကြန့်နှင့် ရွာသာကြီးတွင် ၂၆-၃-၂၀၂၀ ရက်မှ ၁၀-၅-၂၀၂၀ ရက်အထိ စုစုပေါင်း ၄၆ ရက်နှင့် ကနဦးယာဉ်မှတ်ပုံတင်ဌာန နေပြည်တော်နှင့် မန္တလေးရှိရုံးများတွင် ၃၀-၃-၂၀၂၀ ရက်မှ ၁၀-၅-၂၀၂၀ ရက်အထိ စုစုပေါင်း ၄၂ ရက် ထိုရက်များအား ထည့်သွင်းရေတွက်ခြင်းမပြုဘဲ လျှော့ပေါ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၃၁-၈-၂၀၂၀ ရက်နောက်ပိုင်းမှ လာရောက်ဆောင်ရွက်သည့် ကနဦးမှတ်ပုံတင်ယာဉ်များသည် ယာဉ်ထုတ်ရက်လွန် ဒဏ်ကြေးငွေ လျှော့ပေါ့ခွင့်ရမည်မဟုတ်ဘဲ ဒဏ်ကြေးအားလုံး ပေးဆောင်ရမည်ဟု အသိပေးကြေညာထားရှိသည်။

Author