မြင်သာ ကညန ရုံးအတွင်း မော်တော်ယာဉ် အကျိုးဆောင် လိမ်လည်ပွဲစားများကို ဖမ်းဆီးရှင်းလင်းမည်

0

Full article

ယာဉ်မှတ်ပုံတင်များပြုလုပ်ခြင်းနှင့် ယာဉ်သက်တမ်းတိုးလုပ်ငန်းများ ယာဉ်မောင်းလိုင်စင်လုပ်ငန်းများ အခြားသော မော်တော်ယာဉ်နှင့် ပတ်သက်သော လုပ်ငန်းများလုပ်ဆောင်နေသည့် မြင်သာကညနရုံးအတွင်း မော်တော်ယာဉ် အကျိုးဆောင် လိမ်လည်ပွဲစားများကို ဖမ်းဆီးရှင်းလင်းသွားတော့မည်ဖြစ်ကြောင်း မြင်သာကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ကညနရုံးတွေမှာ လုပ်ကိုင်နေတဲ့ ပွဲစားတွေက လိမ်လည်မှုတွေ လုပ်လာတယ်ဆိုပြီး တိုင်တန်းမှုတွေများလာတယ်။ အကျိုးဆောင်က မှန်မှန်ကန်ကန် လုပ်ပေးရင် ပြဿနာမရှိဘူး။ ပိုက်ဆံတွေ လိမ်သွားတာတို့ လုပ်ပေးမယ်ဆိုပြီး စာရွက်စာတမ်းတွေပါ လိမ်လာကြတယ်။ ဒါကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေနဲ့ ဥပဒေအရ ဖမ်းဆီးသွားမှာ ဖြစ်ပါတယ်။" ဟု မြင်သာ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန တိုင်ဦးစီးမှူး ဦးလျှန်ကျင့်မန် က ပြောကြားသည်။

မော်တော်ယာဉ်လုပ်ငန်းများ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနတွင် လာရောက်လုပ်ဆောင်ရာတွင် ပွဲစား များဖြင့် မလုပ်ဆောင်ရန် သတိပေးဆိုင်းဘုတ်များ ကြေငြာစာများကပ်၍ သတိပေးထားသော်လည်း အကျိုးဆောင်ပွဲစားများမှ မကြာခဏလိမ်လည်မှုများရှိနေပြီး အမှုဖွင့်ဖမ်းဆီးအရေးယူမှုများ များပြားနေကြောင်း သိရသည်။

Regulation

Author