ယာဉ်အက္ခရာနံပတ် 9N ကုန်၍ 1O စီးရီးအား ကျော်ကာ1P အက္ခရာ နံပတ်များ စတင်ထုတ်ပေး

0

Full article

ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ ကနဦးယာဉ်နံပါတ်များထုတ်ပေးရာတွင် 9N series ပြီး လျှင် 1O series ကို ထုတ်ပေးမည်မဟုတ်ပဲ ယင်းကိုကျော်၍ 1P အက္ခရာယာဉ်နံပါတ်ကို ယနေ့ (အောက်တိုဘာ ၂) စတင် ထုတ်ပေးနေသည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ယာဉ်အက္ခရာနံပါတ်များ ထုတ်ပေးရာတွင် O စီးရီး နံပါတ်သည် မြန်မာအက္ခရာ "ဝ"နှင့် တူနေသဖြင့် ထိုအက္ခရာကို ကျော်လွန်သွားခြင်းဖြစ်သည်ဟု သိရသည်။

"9N အက္ခရာပြီးရင် O စီးရီး အက္ခရာ မပေးပါဘူး။ P အက္ခရာကိုပဲ စထုတ်ပေးတာပါ။ ဒီနေ့ကစပြီး 1P အက္ခရာကို ထုတ်ပေးနေပါပြီ။ O စီးရီးက မြန်မာအက္ခရာ "ဝ" နဲ့တူနေတယ်။ အမြင်မှားမှာဆိုးလို့ ကျော်ပြီးထုတ်ပေးတာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနထံမှ သိရပါသည်။

ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ကနေဦးယာဉ်နံပါတ်များ ထုတ်ပေးရာတွင် ထောက်ကြံ့ ကနေဦးရောက်ရှိ နံပါတ်အက္ခရာ 1P/1000 ကျော်နှင့် တက္ကစီနံပါတ် HH/2400 အက္ခရာအထိ စတင် ထုတ်ပေးနေကြောင်းသိရသည်။

ခေတ်သစ်

Author