ဆိပ်ကမ်းမှ ကားထုတ်ယူရာတွင် သတ်မှတ်ရက်အတွင်း နံပတ်မယူဘဲ ယာဉ်နံပတ်ပွားစီးနေပါက လိုင်စင်မဲ့ကားအဖြစ် ခတ္တ သိမ်းဆည်း ထားမည်

0

Full article

_ [Photo Credit](http://www.dailymail.co.uk/wires/ap/article-2601289/Myanmar-clunkers-scrapped-rush-new-cars.html)_

ဆိပ်ကမ်းများကနေ ကားထုတ်ယူရာတွင် သတ်မှတ်ရက်အတွင်း နံပတ်မယူဘဲ ယာဉ်နံပတ်ပွားစီးနေပါက လိုင်စင်မဲ့ကားအဖြစ် ခတ္တ သိမ်းဆည်းထားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက ရဲမူးသန်းမြင့်က ပြောကြားခဲ့ပါသည်။

" ဆိပ်ကမ်းကနေ ကားထုတ်လာတဲ့အခါ ဘယ်လောကအချိန်အထိ လက်ဝယ်မှာထားလို့ရတယ်ဆိုတာရှိပါတယ်။ အဲ့ သတ်မှတ်ရက် အတိုင်းအတာကျော်သွားရင် တစ်ကယ်လို့ ဖမ်းမိတယ်ဆိုရင် အဲ့ကားကို သိမ်းမယ်။ ဒီကြားထဲမှာ နံပတ်မထွက်သေးပဲ နံပတ်ပွားစီးနေတယ်ဆိုရင်သိမ်းမယ်။ Consignment နဲ့ပက်သက်တဲ့ ကညနအခွန်တို့ ကာစတန်ဂျူတီအခွန်တွေစတဲ့ ဆောင်ထားတာပြပြီး နံပတ်ထွက်တဲ့အချိန်ကျရင် ပြန်ထုတ်ပေးမယ်။" ဟု ရန်ကုန်တိုင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးက ရဲမူးသန်းမြင့် က ပြောဆိုပါသည်။

ဆိပ်ကမ်းက ကားများထုတ်ယူရာတွင် ယာဉ်မှတ်ပုံတင် နံပတ်သွားယူမယ့် လမ်းကြောင်းအတိုင်းကိုသာ မောင်းနှင်ပိုင်ခွင့်ရှိပြီး တစ်ခြားနေရာများသို့ မောင်နှင်သွားလာတာကို ခွင့်ပြုမှာ မဟုတ်ဘူးလို့လည်း ရဲမူးက ထပ်မံပြောဆိုခဲ့ပါသည်။

ရန်ကုန်တိုင်းတွင် လိုင်စင်မဲ့ကားဖမ်းဆီးရရှိမှူက ဇန်နဝါရီ လနှင့် ဖေဖေါ်ဝါရီ လ ၂ လအတွင်းတွင် ၂၄ စီး ဖမ်းဆီးရမိခဲ့ရာ နံပတ်အပွား တပ်ဆင်၍ သွားလာမှူများကိုလည်း စစ်ဆေးအရေးယူသွားမှာ ဖြစ်တယ်လို့ လည်း သိရပါသည်။

Author