ယာဉ်ရပ်နားခွင့်မရှိသော လမ်းမများတွင် အချိန်ကြာမြင့်စွာ ယာဉ်ရပ်နားထားပါက ထောင်ဒဏ်အထိ ချမှတ်ခံရမည်

0

Full article

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူပိုင် ယာဉ်ရပ်နားခွင့်မရှိသော လမ်းမများပေါ်တွင် မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ ရပ်နားထားပါက ထောင်ဒဏ်အထိ ချမှတ်ခံရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

" အများပြည်သူလမ်းပေါ်တွေနဲ့ ယာဉ်မရပ်ရသတ်မှတ်ထားတဲ့နေရာတွေရှိပါတယ်။ အဲ့နေရာတွေမှာ အချိန်ကြာမြင့်စွာရပ်နားလို့မရဘူးဆိုတာလည်း ဥပဒေထဲမှာပါတယ်။ ပထမတစ်ကြိမ်ကို ငွေဒဏ်နဲ့ နောက်တစ်ကြိမ်ဆိုရင် ထောင်ဒဏ်အထိချမှတ်နိုင်တယ်လို့ဖော်ပြထားပါတယ်။"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အကြီးတန်းအရာရှိတစ်ဦးက ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်ရပ်နားခွင့်မရှိသော လမ်းများမှာ ပြည်လမ်း၊အင်းစိန်လမ်း၊ ဘုရင့်နောင်လမ်း၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ ဗဟိုလမ်း၊မင်းဓမ္မလမ်း၊ အင်းယားလမ်း၊ ကျွန်းတောလမ်း၊ ဦးဝိစာရလမ်း၊ ရွှေဘုံသာလမ်း၊ ပန်းဆိုးတန်းလမ်း၊ သိမ်ဖြူလမ်း၊ သုဓမာလမ်း၊ ဝေဇယန္တာလမ်း၊ ဧရာဝဏ်လမ်း၊ မင်းနန္ဒာလမ်း၊ သံသုမာလမ်း၊အထက်ပုဇွန်တောင်လမ်း၊ အောက်ပုဇွန်တောင်လမ်း၊ လေးထောင့်ကန်လမ်း၊ ခရေပင်လမ်း၊ လမ်းသစ်လမ်း၊ လှိုင်မြစ်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်လေးလမ်း၊ ပါရမီလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ လှည်းတန်းလမ်း၊ နနတ်တောလမ်း၊ ဟံသာဝတီလမ်း၊ကမ်းနားလမ်းသစ်၊ ဗားကရာလမ်း၊ ဓမ္မစေတီလမ်း၊ ရှင်စောပုလမ်း၊ အလုံလမ်း၊ ဦးထောင်ဘိုလမ်း၊ ကန်ရိပ်သာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အနော်ရထာလမ်း ၊ မဟာဗန္ဓုလလမ်း၊ ကမ်းနားလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ ဗညားဒလလမ်း၊ ကျိူက်က္ကဆံလမ်း၊ စက်ရုံလမ်း၊ စက်မှု ၁ အနောက်မြင်းပြိုင်ကွင်းလမ်း၊ ရွေတိဂုံဘုရားလမ်း၊ အထက်ကြည့်မြင်တိုင်လမ်းနှင့် အောက်ကြည့်မြင့်တိုင်လမ်း၊ ပြည်လမ်းနှင့် တော်ဝင်လမ်းဆုံမှ တော်ဝင်လမ်းအတိုင်း မင်းဓမ္မလမ်းဆုံအထိ၊ ကမ္ဘာအေးဘုရားလမ်း၊ အုတ်ပုံဆိပ်လမ်းဆုံမှ အုတ်ပုံဆိပ်ကန်လမ်းအတိုင်း၊ သုဓမ္မလမ်းဆုံအထိ၊ ရွေဂုံတိုင်လမ်းနှင့် ဗိုလ်စိန်မှန်လမ်းဆုံ ဗိုလ်စိန်မှန်လမ်းအတိုင်း ကျိူက်က္ကဆံလမ်းဆုံအထိ၊ အောင်ရတနာလမ်းနှင့် ကမ်းနားလမ်းသစ်က ကမ်းနားလမ်းအတိုင်း မြောင်းကြီးလမ်းဆုံ အထိ ယာဉ်များရပ်နားခြင်းမပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာ ထားရှိသည်။

ထိုကဲ့သို့ အများပြည်သူပိုင် ယာဉ်ရပ်နားခွင့်မရှိသော နေရာများတွင် အချိန်ကြာမြင့်စွာ အကြောင်းမဲ့ ရပ်နားထားပါက ငွေဒဏ် ၁သိန်း မှ ၅သိန်း အထိသတ်မှတ်ထားရှိပြီး ဒုတိယအကြိမ်ထပ်မံကျူးလွန်ပါက ထောင်ဒဏ် ၃ လအထိ ချမှတ်အရေးယူနိုင်ကြောင်း စည်ပင်သာယာရေးဥပဒေတွင် ဖော်ပြထားသည်။

Law Enforcement

Author