မော်တော်ယာဉ် အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမည်ပေါက် သူတွင်သာ တာဝန်ရှိကြောင်းနှင့် မှတ်ပုံတင်ထားသူသည် ယာဉ်နှင့်စပ်လျဉ်း၍ ကိစ္စအဝဝကို တာဝန်ခံသူသာ ဖြစ်သည်ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဆို

0

Full article

မော်တော်ယာဉ် အမည်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမည်ပေါက်သူတွင် သာ တာဝန်ရှိကြောင်းနှင့် မှတ်ပုံတင်ထားသူသည် ယာဉ်နှင့်စပ်လျဉ်း၍ ကိစ္စအဝဝကို တာဝန်ခံသူသာ ဖြစ်ဟု လျှစ်စစ် ၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ နိုဝင်ဘာလ ၂၂ ရက် ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက် လွတ်တော်ကိုယ်စားမေးခွန်းအား ဖြေကြား ခဲ့ပါတယ်။ ရန်ကုန်တို်င်းဒေသကြီးအတွင်း သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်း လတ်က " မော်တော်ယာဉ်များ တဆင့်ဝယ်ယူပြီးပါက မိမိနာမည်အမည်သို့ အမည်ပြောင်းလဲရာတွင် အခွန်ဆောင် ရခြင်းနှင့် ကြန့်ကြာခြင်းများရှိနေပါသဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ကားစီးရေ ၉ သိန်းကျော်ရှိသည့်အနက် ၂သိန်း ကျော်သာ အမည်ပေါက်နှင့် ပိုင်ဆိုင်မောင်းနှင်လျက်ရှိကြောင်း၊ ထိုသို့ အမည်မပြောင်းကြခြင်းကြောင့် တရားဥပဒေ စိုးမိုးရေးနှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းနိုင်ရေးတို့တွင် အခက်အခဲများရှိနေကြောင်း သို့ပါ၍ မော်တော်ယာဉ်များ နှင့်ပတ်သက်သော မှန်ကန်တိကျသည့် အချက်အလက်များ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့တွင် ရှိနေစေရေး မည်သို့ မည်ပုံဆောင်ရွက် လျက်ရှိသည် ကိုသိလိုပါကြောင်း" မေးမြန်းခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ မော်တော် ယာဉ်များ မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ထားသူအမည်အား သွင်းကုန်ပါမစ်၊ အရောင်းစင်တာဝယ်ယူခွင့် လက်မှတ် တွင် ဖော်ပြပါရှိသည့် အမည်၊နေရပ်လိပ်စာအတိုင်းသာ မှတ်ပုံတင်ပေးပါကြောင်း၊ ယာဉ်မှတ်ပုံတင်လုပ်ငန်း များ သွက်လက်မြန်ဆန်၍ လာရောက်ဆောင်ရွက်နေသူများ ကျေနပ်နှစ်သက်စေရေးအတွက် လုပ်ငန်းလာရောက် ဆောင်ရွက်သူ၏ မှတ်ပုံတင်(သို့)နိုင်ငံသားစိစစ်ရေးကတ်(သို့) ဓါတ်ပုံပါရှိသော စိစစ်ရေးကတ်တစ်ခုခုကိုသာ စိစစ်၍ မိတ္တူရယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဤဦးစီးဌာနမှ ထုတ်ပေးသည့် မော်တော်ယာဉ်မှတ်ပုံတင်စာအုပ် ကမ(၃) စာမျက်နှာ(၁၃) သတိပြုရန် အချက်များတွင် အမည်နေရပ်ပြောင်းလဲလျှင် ဆောလျင်စွာ လာရောက်ဆောင်ရွက်ရန်နှင့် အမည်ပေါက်သူတွင်သာ တာဝန်ရှိကြောင်း၊ မှတ်ပုံတင်ထားသူသည် ယာဉ်နှင့်စပ်လျဉ်း၍ ကိစ္စအဝဝကို တာဝန်ခံသူသာ ဖြစ်ကြောင်း ဖော်ပြအသိပေးထားပြီးဖြစ်၍ ယာဉ်ပိုင်ရှင်မှန်ကန်စေရေးနှင့် နေရပ်လိပ်စာမှန်ကန် စေရေးအတွက် ယာဉ်မှတ်ပုံတင်ထားသူတွင်သာ တာဝန်ရှိသည်ဟု မှတ်ယူရပြီး ယာဉ်လက်ဝယ်ပိုင်ဆိုင်သူသည် လည်း ယာဉ်မှတ်ပုံတင် အမည်ပေါက်သူအဖြစ် ဆောင်ရွက်ရန်တာဝန်ရှိသူ ဖြစ်ပါကြောင်း၊ ယာဉ်လက်ဝယ်ရှိသူများမှ အမည်ပြောင်းလဲလိုပါက ပြည်တွင်းအခွန်ဦးစီးဌာနတွင် အခွန်ပေးဆောင်စေပြီး ၄င်းဌာနမှထုတ်ပေးသည့် အခွန်ပုံစံ(၁) မူရင်းပါရှိလျှင် ယာဉ်စစ်ဆေးပြီး အမည်ပြောင်းလဲခြင်းအား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယာဉ်လက်ဝယ်ရှိ သူများအနေဖြင့် အမည်မပြောင်းရခြင်း အကြောင်းရင်းမှာ အခွန်ပေးဆောင်ရန် ငွေကြေးအခက်အခဲများ ရင်ဆိုင် နေရခြင်းကြောင့်ဖြစ်ပါကြောင်း၊ ဌာနအနေဖြင့် ကနဦးမှတ်ပုံတင်ထားသူအမည်၊ အမည်ပြောင်းလဲ၍ မှတ်ပုံတင်ထား သူများအား Computerize System ဖြင့် စနစ်တကျ မှတ်တမ်းထိန်းသိမ်းထားပါကြောင်း၊ ရပ်ကွက်၊ မြို့နယ်အထွေ ထွေ အုပ်ချုပ်ရေးမှူးရုံးများမှလည်း မိမိရပ်ကွက်၊ မြို့နယ်အတွင်းရှိ နေအိမ်များတွင် ပိုင်ဆိုင်သောယာဉ်များ၏ စာရင်းများကို မှတ်တမ်းကောက်ယူထားရှိပါကလည်း ယာဉ်လက်ဝယ်ရှိသူပိုင်ရှင်များအား အနီးစပ်ဆုံးသိရှိနိုင်မည် ဖြစ်ပါကြောင်း'' ပြန်လည်ဖြေကြားခဲ့ပါသည်။ ဆက်စပ်မေးခွန်း အနေဖြင့် မေးခွန်းပါ ပြဿနာများကိုပြေလည်စေရန်မှာ ပြည်ထောင်စုအခွန်စနစ်နှင့် သက်ဆိုင်နေပါ သောကြောင့် ပြည်ထောင်စုအစိုးရနှင့် တစ်စုံတစ်ရာညှိနှိုင်းရန် အစီအစဉ်ရှိ/မရှိမေးမြန်းရာ ဝန်ကြီးမှ မီးပွိုင့်များတွင် CCTV များတပ်ဆင်ပြီး ယာဉ်နှင့်ပတ်သက်သည့် အချက်အလက်များသိရှိနိုင်ရန် ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် ညှိနှိုင်း၍ RFID(Radio Frequency Identification Device) စနစ်ကိုကျင့်သုံးရန်ဆောင်ရွက်လျက်ရှိကြောင်း ပြန် လည်ဖြေကြားခဲ့သည်။ P-01

Author