Gold AYA မော်တော်ကားစက်ရုံဖွင့်လှစ်ပွဲကို မန္တလေးတိုင်းဒေသကြီး မြို့သာစက်မှုဥယျာဉ်စီမံကိန်းတွင် ကျင်းပပြုလုပ်

0

Full article


ဇူလိုင်လ ၃၁ ရက်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ရှိ မြို့သာစက်မှုဥယျာဉ်စီမံကိန်း၌ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် Gold AYA မော်တော်ကားစက်ရုံဖွင့်လှစ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်လှစ်ပွဲတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဌေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်မင်း၊   လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ Mandalay Myotha Industrial Development Public Co., Ltd ၏ ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ဝင်းခိုင်၊
Consul General, Consulate-general of the people’s republic of china in mandalay of the republic of the union of Myanmar မှ Mr. Wang Zong Ying ၊ Shining Star Group and Chairman of Gold AYA Motors International Group Co., Ltd. ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Yan Yu ၊ South-east Asia Region Baic Group ၏ အထွေထွေမန်နေဂျာဖြစ်သူ Mr. Yan Xiang Jun ၊ Gold AYA Motors International Group Co., Ltd. ၏ shareholder ဦးရဲထွဋ်လင်း၊ Gold AYA Motors International Group Co., Ltd. ၏ အထွေထွေမန်နေဂျာဖြစ်သူ Mr. Niu Qun တို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

Gold AYA Motors အနေဖြင့် လာမည့် သြဂုတ်လ ၂ ရက်နေ့တွင်လည်း ရန်ကုန်မြို့၌ သူတို့၏ပထမဆုံး မော်ဒယ်ကို မိတ်ဆက်ပြသသွားဦးမည်ဟုဆိုသည်။

Author