စက်တင်ဘာလအတွက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးပေးခြင်းလုပ်ငန်းဆောင်ရွက်ပေးမည့် မြို့နယ်များစာရင်းထုတ်ပြန်

0

Full article

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း၌ နယ်လှည့်ကာ မြို့နယ်တချို့သို့  မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များကို သက်တမ်းတိုးပေးခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များသက်တမ်းတိုးခြင်းကို လစဉ်နယ်လှည့်၍ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၁၉ စက်တင်ဘာလတွင် အောက်ဖော်ပြပါမြို့နယ်များသို့ သွားရောက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှသိရသည်။
စက်တင်ဘာလအတွက် ဆောင်ရွက်ပေးမည့်မြို့နယ်များမှာ ကချင်ပြည်နယ်တွင် ရွှေကူ၊ ကရင်ပြည်နယ်တွင် ကြာအင်းဆိပ်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မြင်းမူ၊ ဝက်လက်၊ ခမ်းပတ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် လောင်းလုံ၊ ပုလော၊ ပဲခူးတိုင်းဒေသကြီးတွင် ရွှေကျင်၊ ပေါက်ခေါင်း၊ လက်ပံတန်း၊ မကွေးတိုင်းဒေသကြီးတွင် ချောက်၊ ဂန့်ဂေါ၊ မင်းတပ်၊ မတူပီ၊ ပွင့်ဖြူ၊ အောင်လံ၊ မန္တလေးတိုင်းဒေသကြီးတွင် သပိတ်ကျင်း၊ ညောင်ဦး၊ မြစ်သား၊ မိုးကုတ်၊ ပျော်ဘွယ်၊ မွန်ပြည်နယ်တွင် သံဖြူဇရပ်၊ ဘီးလင်း၊ ရခိုင်ပြည်နယ်တွင် ဘူးသီးတောင်၊ မောင်တော၊ ရန်ကုန်တိုင်းဒေသကြီးတွင် မှော်ဘီ၊ ဒလ၊ ရှမ်းပြည်နယ်တွင် ဟိုပုံး၊ ရွာငံ၊ မိုင်းကိုင်၊ ကွမ်းလုံ၊ ဟိုပန်၊ ကျိုင်းလပ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် မြောင်းမြ၊ အင်္ဂပူ၊ ဘိုကလေး၊ ဓနုဖြူ မြို့နယ်တို့တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ မြို့နယ်များရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးလိုသူများအနေဖြင့် လိုအပ်သောစာရွက်စာတမ်း အထောက်အထားများကို အသင့်ပြင်ဆင်ထားကြပါရန် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေးနှိုးဆော်ထားရှိသည်။

Author