မော်တော်ယာဉ်ထုတ်လုပ်ရေးဥပဒေ နောက်ဆုံးအဆင့် ရောက်ရှိနေပြီး ၂ဝ၁၈ တွင် ထုတ်ပြန်မည်

0

Full article

ပြည်တွင်းတွင် မော်တော်ယာဉ်များ စနစ်တကျ တပ်ဆင်ထုတ်လုပ်နိုင်ရန်အတွက် မော်တော်ယာဉ်ထုတ်လုပ်ရေး ဥပဒေ ထုတ်ပြန်ပေးနိုင်ရန် နောက်ဆုံးအဆင့် ရောက်ရှိနေပြီး ၂ဝ၁၈ တွင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်ငး စက်မှုဝန်ကြီး ဌာနကနေ သိရသည်။ မော်တော်ယာဉ်များ ထုတ်လုပ်ရေး ဥပဒေတွင် ကားတစ်စီးလုံး တပ်ဆင်ထုတ်လုပ်ရေး၊ အစိတ်အပိုင်းများ တပ်ဆင်ထုတ်လုပ်ရေးနှင့် ကားအပိုပစ္စည်းများ ထုတ်လုပ်နိုင်ရေး အချက်များကို စနစ်တကျ ထည့်သွင်း ရေးဆွဲထားကြောင်း သိရသည်။
"မော်တော်ယာဉ် ထုတ်လုပ်ရေး ဥပဒေ ထုတ်ပြန်ဖို့ နောက်ဆုံးအဆင့်ရောက်နေပါပြီ။ လာမယ့် ၂ဝ၁၈ နှစ်စမှာ ဥပဒေထုတ်နိုင်ဖို့ လုပ်နေပါတယ်။ ပြည်တွင်းမှာ ကားထုတ်လုပ်တာ စနစ်တကျ ထုတ်လုပ်နိုင်ဖို့နဲ့ ကားတပ်ဆင်ထုတ်လုပ်တဲ့ အပိုင်းတွေ ရေးဆွဲထားပါတယ်။"လို့ စက်မှုဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မော်တော်ယာဉ်အမျိုးမျိုးတပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်းအား Semi Knock–Down SKD-2 စနစ်သတ်မှတ်ချက်ပါ ကုန်ကြမ်းပစ္စည်းအစိတ်အပိုင်း ၁ဝမျိုးဖြင့်သာ ထုတ်လုပ်ခွင့် ပေးမည် ဖြစ်ရာ ကုန်ကြမ်းပစ္စည်းအစိတ်အပိုင်းများမှာ
(က) Engine Assembly, Transmission and Clutch System၊
(ခ) Welded /Painted Body with including Chassis Group (Combination Meters, Interior Trimming Parts , Lamps, Wind Shield and Wire harness များမတပ်ဆင်ရပါ။)၊
(ဂ) Front Axles /Front Independent Suspension /Rear Axles ၊
(ဃ)Suspension Component ၊
(င)Steering Wheel and Related Parts ၊
(စ)Exhaust System ၊
(ဆ)Wheels and Tyres ၊
(ဇ)Seat Assembly ၊
(ဈ)Trimming Parts , Dashboard , Instrument Panel , Windshields, Wire harness and other Accessories၊
(ည) Door Group ( Front and Rear )Without Accessories တို့ဖြစ်ကြောင်းသိရပါသည်။
p -01

Author