ယခုနှစ် လိုင်စင် သက်တမ်းတိုးခြင်းကို နှစ်ကုန်အထိသာ ခွင့်ပြုတော့မည်

0

Full article

Photo Credit

ယခုနှစ် ကားတင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက် ကြိုတင်ကြေငြာပြီးပါက လိုင်စင် သက်တမ်းတိုးခြင်းကို နှစ်ကုန်အထိသာ ခွင့်ပြုတော့မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။"ဒီနှစ်မှာ မိုဒယ်ကို ကြိုထုတ်ပေးမယ်ဆိုတာက အရင်နှစ်လိုမျိူးမဖြစ်အောင်လို့ပါ။ ပါမစ်တွေ သက်တမ်းတိုးပေးတာကို ကြိုပြီး ပိတ်သွားမှာပါ။ မိုဒယ်ကြိုထုတ်တယ် ဆိုတာကလည်း ဒီဟာတွေပါပါတယ်။"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန က အရာရှိတစ်ဦးက ပြောပါတယ်။

ကားတင်သွင်းခွင့် လိုင်စင်ပါမစ် လျှောက်ထားသူများနှင့် သက်တမ်းတိုးခြင်းကို နှစ်ကုန်ခါနီးတွင် များပြား လာခြင်းကြောင့် ယခုနှစ်တွင် ခွင့်မပြုတော့ခြင်းဖြစ်သည်ဟု သိရသည်။

ဖရီးပါမစ်လျှောက်ထားခြင်းနှင့် ကားတင်သွင်းမှုများကို ပါမစ်သက်တမ်းတိုးခြင်း သက်တမ်း ၃ လ၊ ၂ လ၊ ၁လ စီပေးထားပြီး ယင်းပါမစ်များ ၆ လပြည့်၍ ရက်ပိုင်းကျော်လွန်ပါက သက်တမ်းတိုးခြင်းကို ခွင့်ပြုထား ခြင်းမရှိကြောင်းလည်း သိရသည်။

ခေတ်သစ်

Author