ယာဉ်ကြံ့ခိုင်မှုမရှိသည့် ကားများနှင့် သတ်မှတ်စံနှူန်းမကိုက်ညီသော ကားများကို ယာဉ်သက်တမ်းတိုးလုပ်ဆာင်ပေးမည်မဟုတ်

0

Full article

မော်တော်ယာဉ်များအား ယာဉ်စစ်ဆေးတာကို စက်ပစ္စည်းများဖြင့် စတင်စစ်ဆေးနေရာ ယာဉ်ကြံ့ခိုင်မှုမရှိသည့် ကားများ နှင့် သတ်မှတ်စံနှူန်းမကိုက်ညီသော ကားများကိုယာဉ်သက်တမ်းတိုးလုပ်ဆာင်ပေးမည်မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနက သိရပါသည်။ လက်ရှိ ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာန၌ ယာဉ်သက်တမ်းတိုးချိန်တွင် ၅ တန်နှင့် အထက် လုပ်ငန်းသုံး ယာဉ်ကြီးများကိုသာ စက်ပစ္စည်းများဖြင့် စစ်ဆေးနေခြင်း ဖြစ်ပြီး ယာဉ်ကြံ့ခိုင်မှုကို အင်ဂျင်နီယာများဖြင့်သာ စစ်ဆေးနေခြင်း ဖြစ်သည်။ "ယာဉ်မတော်တဆမှု ဖြစ်ပွားမှုတွေလျှော့ချနိုင်ဖို့ ပိုပြီးစစ်ဆေးဖို့လိုတယ်။ ယာဉ်သက်တမ်းလာတိုးတဲ့ကားတွေ သတ်မှတ်စံနှူန်းမကိုက်ညီတာတို့ ယာဉ်ကြံခိုင်မှူမရှိရင် သပ်တမ်းတိုးခွင့်ပြုမှာမဟုတ်ပါဘူး။" ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူးက ပြောသည်။ နောက်ပိုင်းတွင် ယာဉ်စစ်ဆေးတဲ့ လုပ်ငန်းများကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးတော့မည်ဖြစ်ပြီး သတ်မှတ်ထားတဲ့ စံနှူန်းနှင့်အညီ ယာဉ်စစ်ဆေးရန် ဥရောပ နိုင်ငံများမှ စက်ပစ္စည်းများကို အသုံးပြုရန်သတ်မှတ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် တရားဝင်ယာဉ်မှတ်ပုံတင် ပြုလုပ်ထားသည့် ကားအစီးရေ ၆,၁၂၆,၂၈၉ အစီးရေအထိ ရှိနေပြီး သက်တမ်းတိုးလာရောက်ပြုလုပ်တဲ့ကားများကို စက်ပစ္စည်းများဖြင့်သာ စစ်ဆေးမှူများပြုလုပ်နေတယ်လို့ သိရသည်။

ခေတ်သစ်

Author