နယ်ယာဉ်အိုယာဉ်ဟောင်း အပ်နှံကားများ ရန်ကုန် လိပ်စာ ခွင့်မပြုပေးရန် မကြာမီ လုပ်ဆောင်မည်

0

Full article

_ Photo Credit_

နယ်ယာဉ်အိုယာဉ်ဟောင်း အပ်နှံကားများကို ရန်ကုန်လိပ်စာ မပေးရန် တိုင်းအစိုးရအဖွဲ့က တင်ပြထားရှိပြီး မကြာခင်စတင်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။

ရန်ကုန်တိုင်းအတွင်း ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့်ယာဉ်များကိုသာ ရန်ကုန်တိုင်းလိပ်စာ ဖြင့်ခွင့်ပြုပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြထားရှိရာ ပြည်နယ်အပ်ကားများကို အားလုံး ကန့်သတ်ရတော့မည်ဖြစ်၍ ဝန်ကြီးရုံးကို ဆက်လက်တင်ပြပြီးမှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန က သိရပါသည်။

"ရန်ကုန်တိုင်းလွတ်တော်မှာ မေးခွန်းဖြေသွားခဲ့တဲ့အတိုင်းပါပဲ။ ရန်ကုန်တိုင်း အစိုးရက တင်ပြထားပြီးဆိုရင် ဝန်ကြီးဌာ နက ညွန်ကြားတာနဲ့ လုပ်ဆောင်သွားမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက သိရသည်။

ပြည်နယ်နှင့် တိုင်းများက ယာဉ်အိုယာဉ်ဟောင်းကို အပ်နှံရာတွင် ရန်ကုန်တိုင်းလိပ်စာ အဖြစ် စလစ်ထုတ်ယူနေသော ကိစ္စအချို့ရှိနေသည့်အတွက် ရန်ကုန်တိုင်းအစိုးရအနေဖြင့် စီစစ်ဆောင်ရွက်နေကြောင်း လျှပ်စစ် ၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဒီဇင်ဘာ ၁၃ ရက်တွင် ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွတ်တော်အစည်းအ ဝေးမှာ ပြောကြားခဲ့ပါသည်။

"ယခုလက်ရှိမှာတော့ ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး အစားထိုးတင်သွင်းတဲ့ ယာဉ်များအတွက် ရန်ကုန်တိုင်း မှ အပ်နှံတဲ့ယာဉ်တွေကိုသာ ရန်ကုန်တိုင်း ပါမစ် ထုတ်ပေးရန် ကျွန်မတို့အနေနဲ့ စတင်ပြီး စီစဉ်ဆောင်ရွက် လျက်နေပါတယ် "ဟု လျှပ်စစ် ၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော် အစည်းအဝေးတွင်ပြန်လည်ပြောဆိုခဲ့သည်။

Author