အသစ်ထွက်ရှိလာမည့် မော်တော်ယာဉ် ဥပဒေသစ်တွင် ကားတင်သွင်းမှူအား စီးကူးမှသာ ဆက်လက်ကိုင်တွယ်မည်

0

Full article

မကြာခင် အသစ်ထွက်ရှိမည့်မော်တော်ယာဉ်ဥပဒေ အား ပြောင်းလဲမှာ ဖြစ်သော်လည်း ကားတင်သွင်းနေသည့် အပိုင်းကို စီးကူးမှသာ ဆက်လက် ကိုင်တွယ်မှာ ဖြစ်တယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနကနေ သိရပါသည်။ မော်တော်ယာဉ်ဥပဒေ အမည်အားပြောင်းလဲသတ်မှတ်မည်ဖြစ်ပြီး အခြားအမည်တစ်ခုနှင့် ပြောင်းလဲ ထွက်ပေါ်လာမှာ ဖြစ်တယ်လို့ သိရပါသည်။ "မော်တော်ယာဉ် ဥပဒေ ကို တစ်ခြားနာမည်တစ်ခုနဲ့ ထုတ်ဖို့ လုပ်နေပါတယ်။ တစ်ချိူ့ အပိုင်းတွေက ပြင်ဆင်တာတွေနဲ့ဆွေးနွေးတုန်းအဆင့်တွေလုပ်နေပါတယ်။ အတည်ပြုတဲ့အဆင့်ကို နောက်ဆုံးအဆင့်မှလုပ်ဆောင်ပြီး ထုတ်ပြန်မှာပါ "ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ၂ဝ၁၅ မော်တော်ယာဉ်ဥပဒေအားပြင်ဆင်ဆောင်ရွက်နေသည်မှာ ၁ နှစ်ခန့်ကြာမြင့်နေပြီး အခန်းကဏ္ဍ အချိူ့ ကို အသစ်ပြန်လည်ရေးဆွဲနေရာ ရှေ့နေချူပ်ရုံး မှတစ်ဆင့် ဥပဒေလေ့လာဆန်းစစ်ရေးကော်မတီ သို့ရောက်ရှိနေပြီး နှစ်မကုန်ခင် ကာလတွင် အတည်ပြုထွက်ရှိမည်ဖြစ်တယ်လို့ သိရသည်။ အသစ်ထွက်ရှိမယ့် မော်တော်ယာဉ် ဥပဒေတွင် ဝန်ကြီးဌာနများရဲ့ လုပ်ပိုင်ခွင့် အခန်းကဏ္ဍ များကို ဖော်ပြသွားမှာ ဖြစ်ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်များ ပါဝင် မှာ ဖြစ်တယ်လို့ သိရသည်။

ခေတ်သစ်

Author