ကနဦးမှတ်ပုံတင် ကားအစီး ၇ထောင် ကျော်ကို ဖေဖေါ်ဝါရီ ၁၃ ရက်မှစ၍ Vehicle Inspection Test lane စက်အသစ်ဖြင့် စစ်ဆေးမှုစမည်

0

Full article

ကနဦးမှတ်ပုံတင် ကားအစီး ၇ထောင်ကျော်ကို ဖေဖေါ်ဝါရီ ၁၃ ရက်ကစပြီး Vehicle Inspection Test lane စစ်ဆေးမှုစတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ယာဉ်စစ်ဆေးရေး လုပ်ငန်းတွင် စက်ကိရိယာများ အသုံးပြုစစ်ဆေးခြင်းလုပ်ငန်း ဖွံဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)က လှူဒန်းငွေ ကျပ် ၁၂ဝ,၁၅၂,၆၉၅ သိန်း ကူညီထောက်ပံသည့် Vehicle Inspection Test lane ၂ စုံ တပ်ဆင်ထားသော အဆောက်အဦး အသစ်အား Omori Shokai ကုမ္ပဏီ လီမိတက်၏ ဥက္ကဋ္ဌ Mr.Tamaki Tetsuya က ဖေဖေါ်ဝါရီ ၁ဝ ရက်တွင် ဖွင့်လှစ်ပေးခဲ့ သည်။

"ကနဦးမှတ်ပုံတင် လုပ်တဲ့ကားတွေ ယာဉ်စစ်ဖို့အတွက် Vehicle Inspection Test lane စက်ကိရိယာ နဲ့အဆောက်အဦးကို JICA က ကူညီထောက်ပံ့တာဖြစ်ပါတယ်။ တစ်ရက်ကို ကားအစီးရေ ၄ဝ အထိ စစ်ဆေးမှာဖြစ်ပြီးတော့ ကားအစီး ၇ထောင် လောက် စစ်ဆေးဖို့လျှာထားတယ်။ စက်ကိရိယာနဲ့ စစ်ဆေးတယ်ဆိုတာ ကားကြံခိုင်မှုအပိုင်းနဲ့ မီးခိုးထုတ်မှု ဘရိတ်စနစ်တွေ ဆာဗေးစပြီး စစ်ဆေးတာဖြစ်ပါတယ်။ လောလောဆယ် ဂျပန်က အဖွဲတွေနဲ့ပူးပေါင်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။" ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန အင်ဂျင်နီယာချူပ်က ပြောကြား သည်။

မြန်မာတစ်နိုင်ငံလုံးတွင် မော်တော်ယာဉ်ကို စက်ကိရိယာဖြင့် စစ်ဆေးရန် Vehicle Inspection Test lane စက် ၁၈ လုံးရှိပြီး ၂ဝ၁၉ ခုနှစ် မတ်လတွင် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနအား အဆောက်အဦးနှင့် Test lane ကို အပြီးလွဲပြောင်းပေးသွားမည်ဖြစ်ကြောင်းသိရသည်။
R-01

Author