တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ်ဟုတ်၊ မဟုတ် ယာဉ်မှန်၊ မမှန် စစ်ဆေးပေးခြင်းကို လတစ်လ၏ ၂ဝ ရက် နောက်ပိုင်းတွင် စစ်ဆေးပေးတော့မည်မဟုတ်

0

Full article

မော်တော်ယာဉ်များအား တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ်ဟုတ်၊ မဟုတ်ကို ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးများတွင် စစ်ဆေးပေးနေလျက်ရှိရာ လာရောက်စစ်ဆေးသည့် ကားအစီးရေများပြားလာခြင်းကြောင့် လကုန် ၂ဝ ရက်နောက်ပိုင်းမှ လကုန်ရက်အထိ စစ်ဆေးပေးမည် မဟုတ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားရေးဦးစီးဌာနက သိရပါသည်။

မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်ရာလျှင်သော်လည်းကောင်း၊ မိမိဝယ်ယူထားသည့် မော်တော်ယာဉ်များကို လိုင်စင်မဲ့ယာဉ်ဟုတ်၊ မဟုတ် ယာဉ်မှန်၊မမှန် စစ်ဆေးမှုကို ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံးများတွင် ပြုလုပ်ပေးနေလျှက်ရှိကြောင်း သိရ သည်။

"ယာဉ်မှန်၊မမှန် လာစစ်တဲ့ကားတွေက အရမ်းများလာတယ်။ ဒါကြောင့် နေ့လည် ၁ နာရီနောက်ပိုင်းမှပဲ ယာဉ်စစ်ဆေးတာပြုလုပ်ပေးသွား မယ်။ လကုန်ခါနီးမှာ တစ်ခြား သက်တမ်းတိုးတဲ့ကားတွေလည်း များလာတယ်။ ရုံးလုပ်ငန်းတွေလည်း ရှိသေးလို့ လတစ်လရဲ့ ၂ဝ ရက်နောက်ပိုင်းနဲ့ လကုန်ရက်တွေမှာ ယာဉ်မှန်၊ မမှန် စစ်ဆေးပေးတာကို မလုပ်ပေးတော့ပါဘူး။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနအကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်ရာတွင် တရားဝင်မှတ်ပုံတင်ထားသော ယာဉ်ဟုတ်၊ မဟုတ် လာရောက်စစ်ဆေးပြီးမှသာ ဝယ်ယူခြင်းဖြစ်ပြီး မမှန်သည့် ယာဉ်များနှင့် လိုင်စင်မဲ့ကားအဖြစ်စစ်ဆေးတွေ့ရှိသော ကားများအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

Regulation

Author