မူသေအမှတ်ရယူ၍ ယာဉ်စစ်ဆေးထားပြီး ကနဦးမှတ်ပုံတင်ထားသောယာဉ် ၅ဝဝဝ ကျော် ၁ လအတွင်း မှတ်ပုံတင်ခငွေများ မပေးသွင်းပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူမည်.....

0

Full article

ကနေဦး မှတ်ပုံတင်ယာဉ်များ မူသေအမှတ်ရယူကာ ယာဉ်စစ်ဆေးထားပြီး နိုင်ငံတော်ပေးသွင်းရမည့်အခငွေများ မပေးသွင်းဘဲ မော်တော်ယာဉ်များကို ကာလအချိန်ကြာမြင့်စွာ အသုံးပြုနေသဖြင့် မူသေအမှတ်ရယူသည့်ရက်မှ ၆ လကျော်လွန်သည်အထိ မှတ်ပုံတင်အခငွေများ ပေးသွင်းရန်ကျန်ရှိသည့် ယာဉ် ၅ဝဝဝ ကျော်ကို ၁ လအတွင်း မှတ်ပုံတင်အခငွေများ မပေးသွင်းပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက ယနေ့ (၁၆.၈.၂၉ဝ၁၈) ရက်စွဲဖြင့် အသိပေးကြေငြာ ထားရှိပါသည်။

" ကညနမှာ မူသေ နံပတ်ယူပြီး သုံးစွဲနေတဲ့ကားတွေရှိလို့ အခငွေ အပြီးသွင်းဖို့ကြေငြာတာပါ။ ဒီနေ့ကစပီး ၁ လအတွင်း မှတ်ပုံတင် အခငွေပေးသွင်းရမှာပါ။ " ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ကနဦးမှတ်ပုံတင်ယာဉ်လုပ်ငန်းများဆောင်ရွက်ရာတွင် မူသေအမှတ်ရယူခြင်း၊ ယာဉ်စစ်ဆေးခြင်း ၊ မှတ်ပုံတင် အခငွေပေးသွင်းခြင်း၊ ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃) နှင့် ယာဉ်မှတ်ပုံတင်သက်သေခံလတ်မှတ် CVR ထုတ်ယူခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ရာ မူသေအမှတ်ရယူထားသည့် မော်တော်ယာဉ်များ ၆ လကျော်လွန်သည်အထိ ယာဉ်မှတ်ပုံတင် အခငွေများပေးသွင်းရန်ကျန်ရှိသည့် မော်တော်ယာဉ်များဖြစ်သည့်အတွက် ယနေ့သြဂုတ်လ ၁၆ ရက် မှစပြီး ၁ လအတွင်း ငွေသွင်းရန်နှင့် အခငွေပေးသွင်းခြင်းမရှိသောယာဉ်များ တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ကနဦးမှတ်ပုံတင်ဆောင်ရွက်ပြီးကြောင်း ခိုင်လုံသောအထောက်အထားများ၊အခငွေပေးသွင်းထားခြင်းများရှိပါက ယာဉ်ပိုင်ရှင်များအနေဖြင့် ကနဦးမော်တော်ယာဉ်မှတ်ပုံတင်ဌာနများတွင် အထောက်အထားတင်ပြ၍ ဖြေရှင်းမှု ပြုလုပ်နိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက အသိပေးကြေငြာထားရှိသည်။

Law Enforcement

Author