ရန်ကုန်တိုင်းအတွင်း လိုင်စင်မဲ့ကားများနှင့် နံပါတ်အပွား တပ်ဆင်ထားသောကားများကို အဖွဲ့ ၃ဝ ဖွဲ့စည်း၍ စီမံချက်ဖြင့် ထိရောက်စွာဖမ်းဆီးမှုစတင်မည်

0

Full article

ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ without ကားများကို အဖွဲ့ ၃ဝ ဖွဲ့စည်း၍ စီမံချက်ဖြင့် ထိရောက်စွာဖမ်းဆီးအရေးယူမှုများ စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ထိုကဲ့သို့ လိုင်စင်မဲ့ကားများနှင့် ယာဉ်နံပါတ်မပါရှိသောကားများကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက တစ်ရက်လျင် ၁ဝ ဖွဲ့ နှုန်းဖြင့် ယာဉ်အသွားအလာများသော နေရာများတွင် လိုင်စင်မဲ့ကား ဟုတ်၊ မဟုတ် စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ရန်ကုန်မှာ လိုင်စင်မဲ့ကားတွေနဲ့ နံပါတ်အပွားတပ်ဆင်ထားတဲ့ကားတွေကို စစ်ဆေးသွားမယ်။ စစ်ဆေးတဲ့ အဖွဲ့ ၃ဝ ဖွဲ့ထားတယ်။ တစ်ရက်ကို ၁ဝ ဖွဲ့နဲ့ လူစည်းကားတဲ့နေရာတွေမှာကားတွေကို တားပြီး မှတ်ပုံတင်ထားတဲ့ကားဟုတ်၊ မဟုတ် စစ်ဆေးဖမ်းဆီးတာတွေလုပ်သွားမယ်။"ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း ၂ဝ၁၇ ခုနှစ်တွင် လိုင်စင်မဲ့ကား ၁၄၉ စီးနှင့် ၂ဝ၁၈ ခုနှစ်တွင် (ယခုလအထိ)လိုင်စင်မဲ့ကား ၁၃ဝ ကျော် ဖမ်းဆီးရရှိခဲ့ပြီး မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းတွင် အများဆုံးဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

Law Enforcement

Author