ယာဉ်မှန်မမှန် စစ်ဆေးပေးခြင်း ကညန မှ ရပ်ဆိုင်း သြဂုတ်လ ၃ ရက်တွင် ပြန်လည်လုပ်ဆောင် ပေးမည်

0

Full article


မော်တော်ယာဉ်များ အရောင်းအဝယ်ပြုလုပ်ရာတွင် တရားဝင်မှတ်ပုံတင်ထားသည့် ယာဉ်ဟုတ်မဟုတ် ခွဲခြားသိရှိစေရန် လာရောက် စစ်ဆေးပေးသည့် လုပ်ငန်း ကို ကညန မှရပ်ဆိုင်းထားရှိပြီး သြဂုတ်လ ၃ ရက်တွင် ပြန်လည်လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာနမှ သိရပါသည်။ မော်တော်ယာဉ်များ လိုင်စင်မဲ့ကားနှင့် တရားဝင်မှတ်ပုံတင်ထားသည့် ကားခွဲခြားနိုင်ရန် လာရောက်စစ်ဆေးနေသည့် ကားများ တစ်ရက်ကို ကားအစီးရေ ၇ဝဝ နီးပါးရှိလာပြီး အခြားလုပ်ငန်းများ လုပ်ရန် ခက်ခဲမှူရှိလာနေသဖြင့် ယာဉ်မှန်မမှန် စစ်ဆေးပေးတာကို ရပ်ဆိုင်း လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ " ယာဉ်မှန်မမှန် စစ်တာ အခုက ကားတွေအရမ်းများလာတယ်။ ဒါကြောင့် ခဏရပ်လိုက်တာ သြဂုတ် ၃ ရက်မှာ ပြန်လုပ်ပေးမယ်။"ဟု ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ယခင်က ယာဉ်မှန်မမှန် လာရောက်စစ်ဆေးနေသူ တရက်ကို ၅ဝဝ ဝန်ကျင်ရှိပြီး ယခုနောက်ပိုင်း လိုက်စင်မဲ့ကားတွေကို ဝယ်ယူမိမှာ စိုးရိမ်နေသဖြင့် လာရောက်စစ်ဆေးပြီးမှ အရောင်းအဝယ်လုပ်ကြ၍ တစ်ရက်ကို ၇ဝဝ ကျော်ရှိနေကြောင်း သိရသည်။

တရားဝင်မှတ်ပုံတင်ထားတဲ့ကားများ စစ်ဆေးတာကို ယာယီ ရပ်တန့် ထားခြင်းကြောင့် ကားအရောင်းအဝယ်ပါ အေးစက်နေတယ်လို့ သိရပါတယ်။

ရန်ကုန်တွင် လိုင်စင်မဲ့ကားများ ရှိနေတဲ့အတွက် တရားဝင်မှတ်ပုံတင်ထားတဲ့ ကားမှန်မမှန်ကို စစ်ဆေးနေပြီး လိုင်စင်မဲ့ ဟုတ်မဟုတ်စစ်ဆေးတာကို ကညန ရုံးတွင်သာ စာရင်းရှိ၍ စစ်ဆေးမှူလုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

ခေတ်သစ်

Author