ယာဉ်အိုယာဉ်ဟောင်း စလစ်ကပ်တင်သွင်းခြင်းကို ၂ဝ၁၈ ခုနှစ်တွင် ပြောင်းလဲမည်

0

Full article

မော်တော်ယာဉ်များ ယာဉ်အိုယာဉ်ဟောင်းစလစ်ကပ်တင်သွင်းတာကို ၂ဝ၁၈ ခုနှစ်တွင် ပြောင်းလဲသွားနိုင်တယ်လို့ ကားတင်သွင်းနေသူလုပ်ငန်းရှင်များက ဆိုထားကြသည်။

မကြာခင် ယာဉ်အိုယာဉ်ယောင်းသက်တမ်းနှစ် ၂ဝ အပ်ကားများပိုပြီးရှားပါးလာနိုင်ရာ အရည်ကြိုအပ်နှံပြီးစလစ်ကပ်တင်သွင်းရမည့် မူဝါဒ ပြောင်းလဲမှူများဖြစ်လာနိုင်ရာ ကားဟောင်းအရည်ကြိုဈေးကွက်မှာ ပျောက်ဆုံးလာနိုင်တယ်ရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။

ပစ်ကပ်ယာဉ်နဲ့ လိုက်ထရပ်ယာဉ်များ လူးစီးစလစ်မပေးတော့ဘဲ လုပ်ငန်းသုံးကားများကိုသာတင်သွင်းခွင့်ပေးခြင်းသည်လည်း ကားစက်မှူဇုန်အပ်နှံရသည့်ကားများရှားပါးလာနေပြီး ခရီးသည်တင် ကားဟောင်းများကို လူစီးစလစ်ထုတ်ပေးရာတွင်လည်း နောက်ဆုံးလက်ကျန် ကားဟောင်းများအပ်နှံခိုင်းတာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။

ရှေ့ဆက်ပီးအရည်ကြိုကားဟောင်းစလစ်ဈေးကွက်က မရှိလာနိုင်တော့ဘူး။နှစ်နှစ်ဆယ်ကားတွေကလည်း တော်တော်လေးကုန်လာပီလေ။၂ဝ၁၈ လောက်မှာ အရည်ကြိုစလစ်ယူတဲ့ပုံစံက ပြောင်းလဲသွားနိုင်တယ်။နယ်မှာပဲ နှစ်နှစ်ဆယ်ကားတွေကကျန်တော့တာ။ဒါကလည်း အချိန်တစ်ခုလောက်ပဲ အရည်ကြိုဈေးကွက်က ပျောက်သွားနိုင်တယ်။ဟု ကားတင်သွင်းနေရောင်းချနေသူလုပ်ငန်းရှင် ကိုမျိူ းဝင်းထွန်းကပြောပြသည်။

ခေတ်သစ်

Author