Consignment စနစ်ဖြင့်တင်သွင်းသည့်ကားများ စလစ်ဝယ်လိုအားများလာခြင်းကြောင့် စလစ်ဈေး သိန်း ၁၁ဝ ထိမြင့်တက်လာ

0

Full article

Consignment စနစ်ဖြင့် တင်သွင်းထားသော ကားအရောင်းစင်တာများရှိကားများသည် ယခုနှစ်အကုန်တွင် စလစ်အပီးကပ်ရမည်ဖြစ်ရာ စလစ်ဝယ်လိုအားမြင့်တက်နေလျှက်ရှိသည်။

ထိုယာဉ်အိုယာဉ်ယောင်းစလစ်ဈေးမှာ နှစ်ကုန်ခါနီးပိုမိုမြင့်တက်လာနိုင်ဖွယ်ရှိပြီး အပ်နှံမည့်ကားများမှာ ပို၍ရှားပါးလာနိုင်ကြောင်း စလစ်ကပ်ကားအရောင်းအဝယ်ပြုလုပ်နေသူများကပြောသည်။ consignment နဲ့တင်သွင်းထားတဲ့ကားတွေ ဒီနှစ်အတွင်း စလစ်အပြီးကပ်ဖို့ လုပ်နေကြတယ်။နယ်ဘက်တွေမှာလည်း လက်လှမ်းမှီသလောက်လိုက်ဝယ်နေတာတွေရှိတယ်။ စလစ်ကားကပိုပြီးရှာလာနိုင်တဲ့အတွက် စလစ်ဈေးထက်တက်လာဖို့ပဲရှိတယ်ဟု စလစ်ကားအရောင်းအဝယ်ပြုလုပ်သူ ကိုအောင်ကြီးကဆိုသည်။

လတ်တလော မူဝါဒမပြောင်းလဲသေးသ၍ လာမည်နှစ်တွင် စလစ်ကားမရှိသလောက်ရှားပါးလာနိုင်ပြီး ယာဉ်အိုယာဉ်ယောင်းအရည်ကြိုအပ်ကားစနစ်ပျောက်ကွယ်လာနိုင်ကြောင်းသိရပါတယ်။

ခေတ်သစ်

Author