အမေရိကန်ဒေါ်လာ ၉၂ သန်းတန် အကြီးဆုံး ဆီသိုလှောင်ကန် သီလဝါ ဆိပ်ကမ်းတွင်စတင်ဖွင့်လှစ်

0

Full article

![](/redline/content/images/2017/05/1-2-300x200.jpg)

စင်ကာပူအခြေစိုက်Puma Energy နှင့် မြန်မာပြည်အခြေစိုက် Asia Sun Energy တို့ပူးပေါင်းပြီးဖွင့်လှစ်သည့် အမေရိကန်ဒေါ်လာ ၉၂ သန်းတန် Puma Energy Asia Sun (P.E.A.S)အကြီးဆုံး ဆီသိုလှောင်ကန် တစ်ခုကို သီလဝါစက်မှုဇုံတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါကုမ္ပဏီမှပြောရေးဆိုခွင့်ရှိသူတစ်ဦးထံက သိရပါတယ်။ " သီလဝါသိုလှောင်ဖြန့်ဖြူးရေးစခန်းဟာ မြန်မာနိုင်ငံရဲ့ ပို့ဆောင်ရေးလောင်စာ လိုအပ်ချက် တိုးပွားလာမှုအတွက် အထောက်အကူပေးမှာဖြစ်ပါတယ်။ နိုင်ငံဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးမှာဖြစ်ပါတယ်" လို့ P.E.A.S ၏ အထွေထွေမန်နေဂျာ၊ ဒေးဗစ်ဟိုလ်ဒန်က ပြောပါတယ်။ အဆိုပါစခန်း၌ အဆင့်မြင့် ရေနံထုတ်ကုန်များဖြစ်သည့် စီးပွားရေးသုံးလောင်စာဆီများ ၊ ရေနံကတ္တရာနှင့် လေယာဉ်ဆီများ ၊ လေကြောင်းကဏ္ဍ၊ လျှပ်စစ်မီးကဏ္ဍများ၊ သတ္တုတွင်းကဏ္ဍများတွင် လိုအပ်သည့်လောင်စာဆီများ ကိုလည်း ထောက်ပံ့ သိုလှောင်ပေးခြင်း အားဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတတ်မှုကို အထောက်အကူပေးမည်ဖြစ်ကြောင်းသိရပါတယ်။ Puma Energy Asia Sun ဆီသိုလှောင်ရုံမှ စင်ကာပူနိုင်ငံမှတိုက်ရိုက်တင်သွင်းထားသည့် စီးပွားရေးသုံးလောင်စာဆီများဖြစ်သည့် (Mogas၊ 95 ၊ 92 ၊ ဒီဇယ် ၅ဝဝ နှင့် ၅ဝ ppm)၊ HFO (ဓာတ်အားထုတ်လုပ်ရေးအတွက် သုံးသော စက်ကြီးသုံးဆီ)၊ လေယာဉ်ဆီနှင့် လေကြောင်းကဏ္ဍ၊ လျှပ်စစ်မီးကဏ္ဍများ၊ သတ္တုတွင်းကဏ္ဍများတွင် လိုအပ်သည့် လောင်စာဆီ ၉၁,ဝဝဝ ကုဗမီတာ ဖြည့်တင်းပေးနိုင်မည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှသိရပါတယ်။ သိုလှောင်ဖြန့်ဖြူးရေး ထောက်ပံ့အဆောက်အအုံများတွင် မြန်မာနိုင်ငံဋ္ဌ် ပထမဆုံးအဖြစ် အမေရိကန်ရေနံအသင်းစံနှုန်းများ (API)၊ အမေရိကန်အင်ဂျင်နီယာဆိုင်ရာ စံနှုန်း (ASME) နှင့် အမျိုးသားမီးအန္တရာယ်ကာကွယ်ရေးအသင်း (NFPA) တို့အပါအဝင် ဆောက်လုပ်ရေး၊ လုံခြုံရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ နိုင်ငံတကာ စံနှုန်းများနှင့် အညီ တည်ဆောက်ထားသည့်အပြင်မီးသတ်စနစ်များ၊ အားကောင်းသော အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုစနစ်၊ ထိန်းချုပ်စနစ်များ ပါဝင်ကြောင်း အဆိုပါကုမ္ပဏီမှသိရပါတယ်။

ခေတ်သစ်

Author