Full article

CIF တန်ဖိုးမြင့်ကားများ တင်သွင်းပါက တစ်ဦးချင်းပါမစ်ထက် စလစ်ကပ်ပြီး တင်သွင်းသင့်ကြောင်း မော်တော်ယာဉ်တင်သွင်းသူများက အကြံပြုခဲ့သည်။nCIF တန်ဖိုး သစ်၌ ယာဉ်အို၊ ယာဉ်ဟောင်း ပါမစ်ဖြင့် တင်သွင်းရသည့် ၂ဝဝ၈ မိုဒယ်နှင့် တစ်ဦးချင်းပါမစ်ဖြင့် တင်သွင်းရသည့် ၂ဝဝ၉ မိုဒယ်ကြားတွင် Mark X နှင့် Land Cruiser အပါအဝင် Grade ကွာခြားမှုမရှိသော ကားအချို့ကို တင်သွင်းပါက အခွန်သက်သာကြောင်း ကားတင်သွင်းသူများက သုံးသပ်ခဲ့သည်။

CIF

CIF တန်ဖိုးအသစ်မှာ ၂ဝဝ၈ မိုဒယ်ကားတွေကို တန်ဖိုး လျှော့တိုင်းလည်း သွင်းလို့ မကိုက်ပါဘူး၊ စလစ်တန်ဖိုးက သိန်းကိုးဆယ်လောက်ရှိတဲ့ အတွက် ပြန်ပြီးချိန်ရတဲ့ အနေအထားမှာ ရှိပါတယ်၊ Land Cruiser လို ကားမျိုးကတော့ ၂ဝဝ၈ မိုဒယ်သွင်းရင် ကိုက်ပါတယ်၊ Land Cruiser ကို ကားဟောင်းစလစ်နဲ့ သွင်းရင် ကညနခွန် ၆ဝ ရာခိုင်နှုန်း သက်သာတဲ့အတွက် စလစ် ထက်ပိုပြီး တန်ဖိုးရှိပါတယ်၊ ဥပမာ ဒေါ်လာ ငါးသောင်းကို အခွန် ၆ဝ ရာခိုင်နှုန်း သက်သာမယ်ဆိုရင် သိန်းသုံးရာလောက် နည်းသွားမှာ ဖြစ်ပါတယ်၊ စလစ်တန်ဖိုးက သိန်းတစ်ရာလောက်ပဲ ရှိတဲ့အတွက် သိန်းနှစ်ရာလောက် သက်သာသွားမှာ ဖြစ်ပါတယ်ဟု 'Distinct Trading' မှ မန်နေဂျင်းဒါရိုက်တာ ကိုဇေယျာကြည်က သုံးသပ်ပြောကြားခဲ့သည်။

Ref: Automobile

Author