Full article

သက်တမ်းနှစ်နှစ်ဆယ်အရည်ကြိုကားများရှားပါးနေသော်လည်း စလစ်ကားဝယ်ယူမှု နည်းပါးနေလျက်ရှိရာ စလစ်ဈေးနှုန်းများ ဆက်လက်ကျဆင်းနေလျက် ရှိတယ်လို့ ကားအရောင်းအဝယ်ယပြုလုပ်နေသူများကပြောသည်။အပ်ကုန်စနစ်ဖြင့် တင်သွင်းထားသောကားများ ယခုနှစ်ကုန်ပိုင်းတွင် စလစ်ကပ်ရောင်းချရမည်ဆိုသော်လည်း အရည်ကြိုကားစလစ်ဈေးမှာ ကျပ်သိန်း ၁၁ဝ ရောက်ရှိနေရာမှ ကျပ်သိန်း ၁ဝဝ ဝန်းကျင်သို့ ကျဆင်းနေလျှက်ရှိတယ်လို့သိရပါတယ်။

စလစ်ဈေးကျဆင်းနေခြင်းမှာ အပ်ကုန်စနစ်ဖြင့် တင်သွင်းသူများ ဝယ်ယူမှုနည်းပါးခြင်း မူဝါးတွေကန့်သတ်ချက်ပြောင်းလဲမည့် ကောလဟလ သတင်းများကြောင့် ဈေးဆက်တိုက်ကျဆင်းလာခဲ့တယ်လို့ ကားအရောင်းအဝယ် စလစ်ဈေးကွက်အရောင်းအဝယ်ပြုသူမတွေက ဆိုထားပါတယ်။

စလစ်ဈေးက အခုရက်ပိုင်းဆက်တိုက်ကို ကျဆင်းနေတယ်။ အရင်ရက်က ကွန်ဆိုင်းမန့် စနစ်နဲ့ တင်သွင်းထားတဲ့သူတွေ အဝယ်လိုက်သေးတယ်။ တစ်ခုခုပြောင်းလဲမယ်ဆိုတာကြောင့် ဈေးတွေက ၁၁ဝ လောက်ကနေဆယ်ဂဏာန်းလောက်ကျလာနေတယ် လို့စလစ်အရောင်းအဝယ်ပြုလုပ်သူကို တင်မောင်မြင့်က ပြောထားပါတယ်။

ခေတ်သစ်

Author