စည်းကမ်းဖောက်ဖျက်သည့် ယာဉ်လိုင်းများကို အမှတ်ပေးစနစ်ဖြင့်စောင့်ကြည့်၍ YBS ယာဉ်လိုင်းအတွင်းမှ ထုတ်ပယ်မည်

0

Full article

ရန်ကုန်မြို့တွင်းပြေးဆွဲလျှက်ရှိသည့် ခရီးသည်တင် ယာဉ်လိုင်းများကို အမှတ်ပေးစနစ်ဖြင့်စောင့်ကြည့်နေပြီး YBS ယာဉ်လိုင်းအတွင်းမှ ထုတ်ပယ်သွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့က သိရသည်။

အများပြည်သူသယ်ယူပို့ဆောင်ရေး YRTA အဖွဲ့က သတ်မှတ်ထားသော စည်းကမ်းချက်၁၃၈ ချက်အား ဖောက်ဖျက်ကျူးလွန်သောယာဉ်လိုင်းများနှင့် ဝန်ဆောင်မှုအပြည့်အဝမပေးနိုင်သော ယာဉ်လိုင်းများကို စောင့်ကြည့်နေရာ အမှတ်ပေးစနစ်ဖြင့် သတ်မှတ်ကာ စည်းကမ်းမဲ့ ယာဉ်လိုင်းများကို ဖျက်သိမ်းသွားမည် ဖြစ်ကြောင်းသိရသည်။

" စည်းကမ်းဖောက်ဖျက်တဲ့ယာဉ်လိုင်းတွေကို စောင့်ကြည့်တာလုပ်နေတယ်။ ဘယ်ယာဉ်လိုင်းက စည်းကမ်းပိုလိုက်နာသလဲဆိုတာ အမှတ်ပေးစနစ်နဲ့ ဆုံးဖြတ်ပြီး ယာဉ်လိုင်းထဲက ထုတ်ပယ်အရေးယူတာလုပ်မယ်။ တစ်ဦးချင်းပိုင်ယာဉ်လိုင်းတွေလည်း လုပ်ငန်းလိုင်စင်လုပ်တာကို ကုမ္ပဏီ ယာဉ်လိုင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရမယ်။"ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA)က တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် ခရီးသည်များအား ယာဉ်စီးခပေး cash box ကို အသုံးမပြုစေဘဲ ယာဉ်စီးခကောက်ခံနေမှုများနှင့် ယာဉ်အကူများပါရှိသည်ကို တွေ့ရှိပါက ပြည်သူများအနေဖြင့် တိုင်ကြားနိုင်ပြီး တိုင်ကြားခံရသည့်ယာဉ်ကို ယာဉ်လိုင်းအတွင်းမှ ထုတ်ပယ်သည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

Law Enforcement

Author