ရန်ကုန်တွင် မြေအောက်လူကူးလမ်း တည်ဆောက်မည့် စီမံကိန်း ၃ ခုကို တင်ဒါပြန်လည်ရုပ်သိမ်း

0

Full article

ရန်ကုန်မြို့ လူစည်ကားရာနေရာများတွင် တည်ဆောက်မည့် မြေအောက်လူကူးလမ်း(underpass) စီမံကိန်း ၃ ခုကို တင်ဒါခေါ်ယူမှု ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး တင်ဒါခေါ်ယူရေးအဖွဲ့က သိရပါသည်။

ရန်ကုန်မြို့တွင် လမ်းဖြတ်ကူးသူများ အဆင်ပြေစေရန်အတွက် မြေအောက်လူကူးလမ်း တည်ဆောက်ရန် လျှာထားခဲ့ သည့် နေရာများမှာ ဗဟန်းမြို့နယ်၊ ဦးဝိစာရလမ်း (ရွှေတိဂုံဘုရား အနောက်ဘက်မုခ်အနီး)၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်း (ပညာရေးတက္ကသိုလ်ရှေ့)၊ မရမ်းကုန်းမြို့နယ်နှင့် ပြည်လမ်း (ရှစ်မိုင်ခုံးကျော်တံတားအဆင်း) တို့တွင် တည်ဆောက်ရန် လျှာထားခဲ့ပြီး လုပ်ငန်းပိုင်းများ အဆင်မပြေမှုများကြောင့် တင်ဒါခေါ်ယူမှုများကို ဇန်နဝါရီ ၁၈ ရက်တွင် နိုင်ငံတော်ပိုင်သတင်းစာ၌ တရားဝင်ကြေငြာ၍ ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရပါသည်။

ရန်ကုန်တွင်တည်ဆောက်မည့် မြေအောက်လူကူးလမ်းတင်ဒါများကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်း တင်ဒါခေါ်ယူမှု စတင်ခဲ့ရာ ပုံစံငယ်အကြမ်းများ ထွက်ပေါ်လာခဲ့ပြီး နောက်ပိုင်း တင်ဒါခေါ်ယူမှုများကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

မကြာခင်ကာလတွင် ရန်ကုန်မြို့တွင် အရှည် ၂ဝ ဒသမ ၅ ကီလိုမီတာရှိပြီး ဖြတ်သန်းခကောက်ခံမည့် မိုးပျံလမ်း ဆောက်လုပ်ရေး စီမံကိန်း တည်ဆောက်မှာဖြစ်ရာ စီမံကိန်းတွင် ပုဂ္ဂလိကကဏ္ဍက ရင်းနှီးမြုပ်နှံမှုမှာ အမေရိ ကန်ဒေါ်လာ သန်း ၄ဝဝ အထိရှိလာမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာ့ဘဏ် အဖွဲ့ဝင်ဖြစ်သည့် IFC က ကြေညာထား ရှိခဲ့သည်။

R-01

Author