၁၉၉၅ မိုဒယ်အောက် ခရီးသည်တင်ယာဉ်များ ဇွန် ၂ဝ ရက် စာရင်းပိတ် ဇွန် ၃ဝ ရက် နောက်ဆုံးထား အပ်နှံရမည်

0

Full article

![](/redline/content/images/2017/06/2232-300x200.jpg)

Photo Credit

၁၉၉၅ မိုဒယ်အောက် ခရီးသည်တင်ယာဉ်များကို ဇွန်လ ၂ဝ အပ်နှံခွင့် စာရင်းပိတ်မှာဖြစ်ရာ ၃ဝ ရက်နောက်ဆုံးထား ကားဟောင်း အပ်နှံသွားရမှာ ဖြစ်တယ်လို့ အများပြည်သူသယ်ပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့မှ သိရပါတယ်။ လက်ရှိ ပြေးဆွဲနေတဲ့ ၁၉၉၅ မိုဒယ်အောက် ခရီးသည်တင်ဘတ်စ်ကား အပ်နှံရမယ့် နောက်ဆုံးရက်သတ်မှတ်ထားသည့် ဇွန်လ ၂ဝ ရက်တွင် ကားဟောင်းအပ်နှံမည့် သူများ နောက်ဆုံးထားတင်ပြရမည်ဖြစ်ရာ ဇွန်လ ၃ဝ ရက်တွင် အပြီး အပ်နှံသွားမှသာ လူစီးစလစ်ထုတ်ပေးမည် ဖြစ်ပါတယ်။ ၁၉၉၅ မိုဒယ်အောက်ကားတွေကို ဇွန် ၂ဝ မှာ စာရင်းပိတ်မှာဖြစ်ပါတယ်။ဇွန် ၃ဝ အထိမှာ အပြီးအပ်နှံရမှာပါ။ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ ဝင်တစ်ဦးကပြောပါတယ်။ ထပ်မံ၍လည်း ခရီးသည်တင် ယာဉ်လိုင်းတွေမှာပြေး ဆွဲနေတဲ့ ၁၉၉၆ မိုဒယ်ကားများနဲ့ ၁၉၉၇ မိုဒယ်ကားများကို ကားဟောင်းအပ်နှံပြီး လူစီးစလစ်ထုတ်ပေးသွားရန် တင်ပြထားတယ်လို့ သိရပါတယ်။ ၁၉၉၅ မိုဒယ်အောက် ခရီးသည်တင်ယာဉ်များ ဇွန်လ ၃ဝ ရက်နောက်ဆုံးထားအပြီးမအပ်ပါက

ယာဉ်လိုင်းပြေးဆွဲခွင့် လုပ်ငန်းလိုင်စင်ဖျက်သိမ်း သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ခေတ်သစ်

Author