၁၉၉၅ မိုဒယ်အောက်ကားများ ယာဉ်အပ်နှံမှူကာလကို တစ်ပတ်ခန့်ထပ်တိုးပေးထား

0

Full article

![](/redline/content/images/2017/06/1111-2-300x202.jpg)

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ပြေးဆွဲနေသော ၁၉၉၅ မိုဒယ်အောက်ကားများကို ယာဉ်အပ်နှံမှူ ဇွန် ၃ဝ အစား ရက်ထပ်မံတိုး အပ်နှံခွင့်ပြုမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ သိရပါသည်။ ၁၉၉၅ မိုဒယ်အောက်ကားတွေကို ဇွန် ၂ဝ တွင် စာရင်းပိတ်ပြီး ဇွန် ၃ဝ ထိ အပ်နှံခွင့်ပေးထားသော်လည်း အပ်နှံမည့်ရက်အား ထပ်မံတိုးပေးသွားပါမယ်။ကားတွေ လာအပ်တာ များနေလို့ ရက်အနည်းငယ်လောက်ထပ်တိုးပေးတာပါ။ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှူ အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါ်က်တာမောင်အောင်က ပြောပါတယ်။ ၁၉၉၅ မိုဒယ်အောက်ကားများကို ဇွန် ၂ဝ ရက်နေ့တွင် အပ်နှံရမည့် စာရင်းပိတ်လိုက်ပြီး ဇွန် ၃ဝ ရက်နောက်ဆုံးထားကာအပ်နှံရမည်ဖြစ်သော်လည်း ကားအစီးရေ လာအပ်တာများနေလို့ တစ်ပတ်ခန့် ထပ်တိုးပေးမည်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ၁၉၉၅ မိုဒယ်အောက် ခရီသည်တင်ယာဉ်များအား ဇူလိုင် ၁ ရက်မှစ၍ CNGဖြည့်သွင်း/ထည့်သွင်းမှူကို ရပ်ဆိုင်းသွားမှာဖြစ်ကြောင်းသိရသည်။ ယခုလက်ရှိ ခရီးသည်တင်ယာဉ် ၁၉၉၅ မိုဒယ်အောက်ကားအစီးရေ ၃ဝဝ ခန့် အပ်နှံခွင့်ကျန်ရှိနေပြီး ကားအစီးရေ ၂၆ဝဝ ကျော် အပ်နှံခွင့်ပြုပြီးဖြစ်ရာ လူစီးစလစ်ရရှိပြီးဖြစ်ကြောင်း သိရသည်။

ခေတ်သစ်

Author