ကုလသမ္မဂ ယာဉ်အန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှူပ်ရှားမှူ တစ်နိုင်ငံလုံးတွင် ပြုလုပ်မည်

0

Full article

![](/redline/content/images/2017/05/ag-300x200.jpg)

ကုလသမ္မဂ ယာဉ်အန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှူပ်ရှားမှူ တစ်နိုင်ငံလုံးတွင် ပြုလုပ်သွားမည်ဖြစ်ရာ မော်တော်ယာဉ်များကို အသိပညာပေးခြင်း အစီအစဉ်များ လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ကုလသမ္မဂ ယာဉ်အန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ် လုပ်ရှားမှူအား မေလ ၈ ရက်မှ မေလ ၁၄ ရက်အထိ ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှူဦးစီးဌာန အနေဖြင့် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် မောင်းနှင်နေသော မော်တော်ယာဉ်များအား ယာဉ်အန္တရာယ်ကင်းရှင်းရေး လှူံဆော်မှူ Sticker မော်တော်ယာဉ်များတွင် ကပ်ခြင်းများ၊ မော်တော်ယာဉ်မောင်းနှင်ရာတွင် အသက်ကယ်ထိုင်ခုံခါးပတ် ပတ်ရန် အသိပေးခြင်း၊ အရက်သေစာသောက်စား၍ ယာဉ်မောင်းနှင်ခြင်းမပြုလုပ်ရန်နှင့် လူစည်းကားရာနေရာများနှင့် ယာဉ်အန္တရာယ်ဖြစ်ပွားနိုင်သောနေရာများတွင် ဗီနိုင်းများ ကပ်ခြင်းများနှင့် လက်ကမ်းစာစောင်များကို ယာဉ်အသုံးပြုသူ လမ်းအသုံးပြုသူများကို အသိပညာပေးသွားမည်ဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Photo Credit

Author