UMG Group of Companies ၏ ထုတ်ကုန်သစ် ဖြစ်သော UMG ဆိုင်ကယ်သစ်များ မိတ်ဆက်ပွဲအခမ်းအနားကို မန္တလေးမြို့၌ ကျင်းပခဲ့

0

Full article

UMG Group of Companies ရဲ့ ထုတ်ကုန်သစ်ဖြစ်တဲ့ UMG ဆိုင်ကယ်များမိတ်ဆက်ပွဲအခမ်းအနားကို အမှတ် ၁၅၊ ၅၅ လမ်းနဲ့ သိပ္ပံလမ်းမကြီးကြား၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့တွင် မေလ ၂၉ ရက်နေ့က အောင်မြင်စွာကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ UMG Group of Companies ရဲ့ ထုတ်ကုန်အသစ်တွေဖြစ်တဲ့ UMG Motor အမှတ်တံဆိ်ပ် Selena၊ Damon နဲ့ RT 250i မော်ဒယ်အမျိုးအစား ဆိုင်ကယ်သစ်တွေကို မိတ်ဆက်ပြသခဲ့တာပါ။ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်ပရိတ်သတ်များကိုလည်း တေးသီချင်းများ၊ အကအလှများ၊ ညနေစာများနဲ့ တည်ခင်းဧည်ခံခဲ့တဲ့အပြင် အထူးအစီအစဉ်တစ်ရပ်အနေနဲ့ UMG အမှတ်တံဆိပ် ဆိုင်ကယ်သစ် ၃ စီးကိုလည်း ကံစမ်းမဲဖောက်ကာ ဆုလက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါသေးတယ်။ UMG Motor မော်တော်ဆိုင်ကယ်တွေကို ရန်ကုန်၊ မန္တလး၊ တောင်ကြီး၊ ပဲခူး၊ မော်လမြိုင်၊ ပုသိမ် စတဲ့ မြို့ကြီးတွေကနေတစ်ဆင့် မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ဖြူးရောင်းချသွားမယ်လို့လည်း သိရပါတယ်။

UMG Group of Companies ဟာ ၁၉၉၈ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး ဖြန့်ချိရေး၊ ပညာရေး၊ ငွေကြေးနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှု၊ စားသောက်ကုန်နဲ့ အဖျော်ယမကာ၊ ကျန်းမာရေးဝန်ဆောင်မှု၊ မီဒီယာနဲ့ ဖျော်ဖြေရေး၊ မြေအိမ်ယာအဆောက်အဦးနဲ့ အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး၊ သယံဇာတ အရင်းအမြစ်တူးဖော်ရေး၊ နည်းပညာဖွံ့ဖြိုးရေးစတဲ့ ကဏ္ဍကြီးကိုးခုနဲ့ မြန်မာနိုင်ငံမှာသာမက ကမ္ဘောဒီယား၊ လာအို၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ စင်္ကာပူ၊ တရုတ်နှင့် ဗီယက်နမ် စတဲ့နိုင်ငံတွေမှာလည်း ရင်းနှီးမြုပ်နှံမှုတွေ လုပ်ကိုင်နေကြောင်းသိရပါတယ်။

Author