ကိုရိုနာဗိုင်းရတ်ကိုကာကွယ်ဖို့ McLaren အဖွဲ့သားတွေပူပေါင်းဖန်တီးထားတဲ့ အသက်ရှုခေါင်းစွပ်အသစ်

0

Full article

UK ဆေးရုံမှာ Covid-19 ကာကွယ်ကုသရေး ရှေ့တန်းရောက်ကျန်းမာရေးလုပ်သားတွေဟာ အသစ်တီထွင်လိုက်တဲ့ အသက်ရှုခေါင်းစွပ် (respirator hood) အသစ်ကို နိုင်ငံအတွင်း ပထဦးဆုံးအနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလိုက်ကြပါတယ်။

အဲဒီ PeRSo ကိရိယာကတော့ မြင်ကွင်းအတွက် မျက်နှာပိုင်းကို ပလတ်စတစ်အကြည်ကာထားတဲ့ ခေါင်းစွပ်ဖြစ်ပါတယ်။ အကျိုးထိရောက်မှုမြင့်မားတဲ့ သီးသန့်လေ (Hepa : High Efficiency Particulate Air) စစ်ထုတ်မှုကိုဖြတ်သန်းလာတဲ့ သန့်ရှင်းတဲ့လေတွေဟာ ဝတ်ဆင်သူခါးပတ်မှာတပ်ဆင်ထားတဲ့ ပန်ကာကနေတစ်ဆင့် ခေါင်းစွပ်ထဲကို ရောက်ရှိစေတာမျိုးပါ။

ဒီကိရိယာရဲ့ ရှေ့ပြေးပုံစံဟာ ရက်သတ္တတစ်ပတ်တောင်မကြာဘဲ ထွက်ရှိလာတာဖြစ်ပြီး Southampton တက္ကသိုလ်ဆေးရုံကဝန်ထမ်းတွေ စတင်ဝတ်ဆင်ခဲ့ကြပါတယ်။

ဒီကိရိယာကို အတူတကွ သုတေသနပြုလုပ်ပြီး ဖန်တီးကြသူတွေကတော့ McLaren F1 အဖွဲ့သားတွေနဲ့အတူ INDO နဲ့ Kemp Sails က ကျွမ်းကျင်သူတွေဖြစ်ကြပါတယ်။ အခုဆိုရင် တစ်ကမ္ဘာလုံးအတွက် ထုတ်လုပ်ဖို့အသင့်ဖြစ်နေပါပြီလို့ဆိုထားတာပါ။

Southampton တက္ကသိုလ်နဲ့ NIHR Southampton ဇီဝဆေးဝါးသုသေသနဗဟိုတို့ ပူးပေါင်းထုတ်လုပ်လိုက်တဲ့ ဒီကိရိယာဟာ ရောဂါကူးစက်မှုနဲ့အရမ်းနီးစပ်သောနေရာတွေက ဝန်ထမ်းတွေဝတ်ဆင်တဲ့ FFP3 မျက်နှာကာနဲ့ မျက်နှာဖုံးနေရာမှာ အခြားရွေးချယ်စရာအဖြစ် အသုံးပြုဖို့အတွက် စည်းမျဉ်းခွင့်ပြုချက်တော့မရသေးပါဘူး။ ဒါပေမဲ့ စည်းမျဉ်းခွင့်ပြုချက်ရဖို့ စစ်ဆေးတွက်ချက်တာမျိုးတွေတော့ လုပ်ဆောင်နေပါပြီ။

ဒီစီမံကိန်းကို စတင်ခဲ့တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဆေးပညာ ပရော်ဖက်ဆာ Paul Elkington က

“Covid-19 ကာကွယ်ကုသရေးနဲ့ပတ်သက်ပြီး ရှေးတန်းရောက်နေတဲ့ ကျန်းမာရေးလုပ်သားတွေဟာ အဆက်မပြတ် စွန့်စားလုပ်ဆောင်နေကြရတာပါ။ PPE (Personal Protective Equipment) တွေဟာ ဒီကပ်ရောဂါကိုဖြတ်သန်းတဲ့အချိန်အတွင်း အဖန်တလဲလဲ ဆွေးနွေးငြင်းခုန်စရာ အကြောင်းကိစ္စဖြစ်နေမှာပါပဲ။”

လို့ဆိုလိုက်ပါတယ်။

Ref: UK hospital first to widely use new respirator hoods to protect medics on frontline of coronavirus fight by EveningStandard

Author