ရန်ကုန်တွင် မြင်တွေ့ရတော့မည့်UBER Taxi စနစ်

0

Full article

![](/redline/content/images/2017/05/dc-300x193.jpg)

အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံ၏ taxi စနစ် စံပြဖြစ်စေရန် UBER က ဆောင်ရွက်ပေးလိမ့်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မေ ၁၁ ရက်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါတယ်။ " နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို လုပ်ငန်းအတူတွဲလုပ်ဖို့အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ အခု အမေရိကန်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ UBER နဲ့ လက်တွဲလုပ်ရတဲ့အတွက် အမေရိကန်နိုင်ငံနဲ့လည်း ရင်းနှီးမှုကို ရစေပါတယ်။ အခြားနိုင်ငံက နည်းပညာရှင်တွေလည်း ဖိတ်ခေါ်ပါတယ် " လို့ စာနယ်ဇင်းမိတ်ဆက်ပွဲတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် ယာဉ်ကျောကျပ်တည်းမှုကို ဖြေရှင်းဆောင်ရွက်ရန်အတွက် ခလုတ်တစ်ချက်နှိပ်လိုက်ရုံဖြင့် ယာဉ်ကို မည်ကဲ့သို့ စီးရမည်နည်း ဆိုသည့် ရိုးရှင်းသော အခက်အခဲကို ဖြေရှင်းပေးနိုင်ရန် UBER ကို ၂ဝ၁ဝ ပြည့်နှစ်တွင် လုပ်ငန်းစတင်ခဲ့ပြီးနောက် ခြောက်နှစ်အကြာတွင် ခရီးစဉ်ပေါင်း နှစ်ဘီလီယံကျော်ကို စီစဉ်ပေးနိုင်ခဲ့ကြောင်း၊ ယင်းအပြင် ရန်ကုန်တွင် UBER နှင့်ချိတ်ဆက်ထားသည့် တက္ကစီအစီးအရေမှာ ရာနှင့်ချီ ရှိပြီ ဖြစ်ကြောင်းသိရပါသည်။ ခလုတ်တစ်ချက်နှိပ်လိုက်ရုံဖြင့် သင့်တင့်သောနှုန်းထားဖြင့် လိုရာခရီးသွားနိုင်မည့် ဝန်ဆောင်မှု ရန်ကုန်မြို့တွင် ရရှိတော့မည်ဖြစ်သည်။ "ခရီးသည်တွေ၊ ယာဉ်မောင်းသူတွေနဲ့ ရန်ကုန်မြို့ကြီးကို ဝန်ဆောင်မှုပေးဖို့ မြန်မာပြည်မှာ စတင်မိတ်ဆက်ရတာ ကျွန်တော်တို့ အလွန်ဝမ်းမြောက်ပါတယ်။ ဆန်းသစ်မှုတွေနဲ့ တိုးတက်မှု

ဖြစ်စေမယ့် စည်းမျဉ်းစည်းကမ်းတွေကို ဒီမြို့ကလက်ကမ်းကြိုဆိုတယ်ဆိုတာ ပြသနေပြီးသားပါပဲ။ နွေးထွေးစွာကြိုဆိုတဲ့ အစိုးရအဖွဲ့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြား

လိုပါတယ်။ ဒီကြိုဆိုမှုက UBER နဲ့တကွ ဆန်းသစ်တီထွင်မှုတွေ၊ စီးပွားရေး အခွင့်အလမ်းသစ် တွေကိုပါ လက်ကမ်းကြိုဆိုလိုက်တာ လည်းဖြစ်ပါတယ်"ဟု Asia Pacific ၏ Regional General Manager ဖြစ်သူ Michael Brown ကပြောပါသည်။

ခေတ်သစ်

Photo Credit

Author